Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် ဇန်နဝါရီ ၆


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဇန်နဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ကမ်းနားလမ်း ထပ်မံတိုးချဲ့ဆောင်ရွက်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းနားလမ်းတစ် လျောက် ကျူးကျော်နေထိုင်မှုများမရှိစေရေး၊ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန်၊ မြေထိန်းနံရံများ ကြံ့ခိုင်မှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်မှုရှိစေ ရေး၊ ရေတိုက်စားမှုမရှိစေရေး စစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ မြို့မဈေးသို့ ရောက်ရှိခဲ့ပြီး ဈေးရုံ အဟောင်းများ ပြန်လည်အဆင့်မြှင့်တင်နေမှုနှင့် ဈေးရုံကြီးများအကြား ပေါင်းကူးခေါင်မိုး ပြုလုပ်နေမှုများ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးခဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်မြို့၊ ရွှေဝါထွန်းကုမ္ပဏီလီမိတက်မှ ထုတ်လုပ် နိုင်ခဲ့သည် လက်ဆွဲကောက်စိုက်စက်ဖြင့် ငါးရွာကျေးရွာအုပ်စု၌ နွေစပါးသရုပ်ပြစိုက်ပျိုးမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ယခုအခါ နိုင်ငံတော်အစိုးရမှ တောင်သူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိသလို စွန့်ဦးတီထွင် စိုက်ပျိုးရေးကိရိယာထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း လုပ်ငန်းများပိုမိုအောင်နိုင်ရေးနှင့် တန်ဖိုးသက်သာစွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး အတွင်း ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် လုပ်ငန်းရှင်(၂)ဦးအား နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေမှ လက်ဆွဲကောက်စိုက်စက်များ ဆောင်ရွက်စေခဲ့ရာ အောင်မြင်မှုများရရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ မှ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဘက်ပေါင်းစုံတွေးတောကြံဆ၍ ဆောင်ရွက် ပေးလျက်ရှိရာ တောင်သူများကလည်း မိရိုးဖလာစိုက်ပျိုးနည်းစနစ်များ၊ ပန်းတိုင်အထွက်နှုန်းထိခိုက်စေသည့် မျိုးဟောင်းများအား စွန့်ပယ်ပြီး သက်တမ်းတို၍ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ရဲရဲဝံ့ဝံ့ ပြောင်းလဲစိုက်ပျိုးသွားနိုင်ရေး အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ တင်ပြချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်လျက်ရှိသော PK ရေခဲမုန့်နှင့် မုန့်မျိုးစုံထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ခဲ့ပြီး ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းဖြစ်၍ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်၊ ဘေးကင်းလုံခြုံသည့် အစားအစာဖြစ်စေရေး သတ်မှတ်စည်းကမ်းများကို အထူး အလေးထားလိုက်နာရန်နှင့် FDA ထောက်ခံချက်ရရှိစေရေး ဆောင်ရွက်ပေးရန်နှင့် ပြည်ဒေသတွင်းသာမက အခြားဒေသများသို့လည်း တင်ပို့နိုင်ရေး ဈေးကွက်ရှာဖွေပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။