Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၀

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ဆောင်းသီးနှံစိုက်ရာသီဖြစ်သော်လည်း လာမည့်နွေစပါးနှင့် မိုးစပါးအတွက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေရေး စိုက်နည်းစနစ်များ အသိပညာ ပေးခြင်း၊ သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းထားရ မည်ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး စိုက်ပျိုးမြေများအား မြေလပ်မရှိ စိုက်ပျိုးသွားရန်လိုအပ်ကြောင်း၊ ပြည်ပမှတင်သွင်းရသည့် သွင်းအားစုများနှင့်ပတ်သက်၍ လျော့ချသုံးစွဲနိုင်ရေး အတွက် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်  မြေဆီလွှာစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ဆောင်းသီးနှံစိုက်ရာသီအတွင်း နွေစပါးနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများအတွက် ဆောင်ရွက်ပေးထားသည့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော မွေးမြူရေးလုပ်ငန်းများသည် ယူနစ်အလိုက် တစ်နှစ်လျှင် သတ်မှတ်အကြိမ်ရေ၊ သတ်မှတ် ကောင်ရေအတိုင်း မွေးမြူခြင်း ရှိ/မရှိ စိစစ်ဆောင်ရွက်ရန်နှင့် မြေပြင်စာရင်းဇယားအချက်အလက်များ မှန်ကန်မြန်ဆန်ရေး အထူးအလေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အားပေးမြှင့်တင်ဆောင်ရွက်ပေးနေသလို သီးခြားလိုအပ် ချက်များရှိပါက တစ်ပါတည်း တင်ပြပေးစေလိုကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေကို လေးစားလိုက်နာကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍ ပူးပေါင်းပါဝင်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား အသီးသီးတင်ပြခဲ့ကြသည်။

          ယင်းနောက် အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတို့၏ လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများက တင်ပြချက်များနှင့်ပတ်သက်၍ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။