Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/သူများအား အအေးဗူးနှင့်အဟာရမုန့်များ သွားရောက်ပေးအပ်

တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/သူများအား အအေးဗူးနှင့်အဟာရမုန့်များ သွားရောက်ပေးအပ်

ပဲခူး ဧပြီ ၇

================

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစား ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍ အောင်မြင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့် အတန်းကို ထင်ဟပ်စေပြီး နိုင်ငံတော်၏ စည်းလုံးညီညွတ်မှု၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ နိုင်ငံတော်၏ ဂုဏ်သိက္ခာ အဆင့်အတန်းကို ဖော်ပြသည့် ခံယူချက်ဖြင့် အားကစားလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် လူငယ်/ မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်လာ ခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့လာလိုက်စားခြင်းမှသည် အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် နွေရာသီအားကစား သင်တန်းများ မှတဆင့် ဗီဇပါရမီရင့်သန်၍ အောင်မြင်မှုအလား အလာရှိသော ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ် လေ့ကျင့်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ်သို့ ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်ရှည်များတွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုသင်တန်းဖွင့်လှစ် ပေးခြင်းသည် အားကစားမျိုးစေ့ချ ပေးခြင်းဖြစ်သဖြင့် ထူးချွန်သောအားကစားများဖြစ် ကြိုးစားလေ့ကျင့် သွားကြရမည်ဖြစ်ကြောင်း သင်တန်းဆင်းအမှာ စကား ပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အားကစားနည်းအလိုက် သင်တန်းနည်းပြဆရာ/ ဆရာမများအတွက် ဂုဏ်ပြုငွေချီးမြှင့်ငွေကျပ်(၃၇)သိန်း ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော် မှ သင်တန်းသားကိုယ်စား သင်တန်းသား (၂)ဦးအားလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူ(၂)ဦးအားလည်းကောင်း သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။