Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆီစက်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ

တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆီစက်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ

ပဲခူး ဇူလိုင် ၈

==================

          ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၈)ရက်နေ့၊ နံနက်ပိုင်းက တို်ငးဒေသကြီးအတွင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်းမှာ စားသုံးဆီ ဖူလုံပိုလျှံနိုင်ရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားသုံးဆီ ပိုမိုထုတ်လုပ်နိုင်ရန်၊ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိနိုင်ရေးနှင့် ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုးတိုးတက်ရရှိစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကကျသည့် စားသုံးဆီပိုလျှံအောင်ထုတ်လုပ်နိုင်ရေး မိမိတို့တိုင်းဒေသကြီး အတွင်းမှာ လည်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများအား တိုးချဲ့စိုက်ပျိုးရန် စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ လာမည့် ဆောင်း ရာသီတွင် ဆီထွက်သီးနှံ နေကြာအား တိုးချဲ့စိုက်ပျိုးရန် စီစဉ်ထားရှိပြီး မျိုးကောင်းမျိုးသန့်ရရှိရေး ချိတ်ဆက်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိလာမည့် ဆီထွက်သီးနှံ ပမာဏအများအပြား ကြိတ်ခွဲထုတ်လုပ် နိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ဆီစက်များအား စက်စွမ်းအားပြည့် ကြိတ်ခွဲနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန်နှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတို်ငးဒေသကြီး အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊  ပြည်တွင်း စာသုံးဆီဖူလုံရေးနှင့် ဆီစက်များ စွမ်းအားပြည့် လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဆီစက်လုပ်ငန်းရှင်များက အဓိကဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့အား မျိုးကောင်းမျိုးသန့်များအဖြစ် ပြောင်းလဲစိုက်ပျိုးပေးရန်၊ စိုက်ပျိုးစရိတ်ံချေးငွေအစား မျိုးကောင်းမျိုးသန့်အစားထိုးပေးရန်၊ လျှပ်စစ်မီးရရှိရေး၊ ဆီစက်များ မှတ်ပုံတင်ရရှိရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖြန့်ဖြူးပေးရန်၊ ဆီသန့်စင်စက်များ တည်ဆောက် နိုင်ရေး၊ ပြည်တွင်းထုတ် စားသုံးဆီ ဈေးကွက်ခိုင်မာမှုရရှိရေး၊ ဆီစက်များ ပြန်လည်အဆင့်မြှင့်တင်နိုင် ရေးနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များ တိုးတက်ထွန်းကားလာနိုင်ရေးတို့အား အသီးသီးတင်ပြခဲ့ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။