Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

တောင်ငူ ဇန်နဝါရီ ၁၇
====================

တောင်ငူမြို့၊ ကေတုမတီခန်းမ၌ ဇန်နဝါရီလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ(၁၅၉၅၇၆)ဦး ဆောင်ရွက်ပေး ရမှာဖြစ်ကြောင်း၊ ယခု အခါတောင်ငူခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တွင် ပန်းခင်းစီမံချက်လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ပန်းခင်းစီမံချက်အား ကိုဗစ်-၁၉ ရောဂါ မပြန့်ပွါးရေးအတွက် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကြားမှ (၇)လတာကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံသား တစ်ယောက်ရဲ့ လူမှုဘဝလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအား တစ်ယောက်မကျန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရမည်ဆို့သည့် ခံယူချက်ဖြင့် ဝန်ထမ်းများအားလုံး အားကြိုးမာန်တက် တက်ညီလက်ညီ ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ ပန်းခင်းစီမံချက် ပြီးစီးအောင်ဆောင်ရွက်ပြီး ဖြစ်ပေမယ့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်ငူခရိုင်တွင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ခဲ့သည့်အတွက် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ အတွင်းရေးမှူး၊ တောင်ငူခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးမှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရှိ ဝန်ထမ်းများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ ပြီးနောက် တောင်ငူခရိုင်အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းတင် ဓါတ်ပုံများအား လှည့်လည်ကြည်ရှုခဲ့သည်။
တောင်ငူခရိုင်အတွင်း မြို့နယ်(၆)မြို့နယ်၊ ရပ်ကွက်(၈၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၄၆)အုပ်စု၊ ကျေးရွာ (၁၃၀၃)ရွာဖြင့် ဖွဲ့စည်းထားရှိပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန် လျာထားလူဦးရေ (၃၂၆၃၉)ဦးဖြစ်သော်လည်း လူဦးရေ(၃၃၆၄၅)ဦး ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ပြီးစီးမှုရာခိုင်နှုန်း(၁၀၃)ရာခိုင်နှုန်းဖြစ်ပြီး သတ်မှတ်ကာလထက်(၉)လ ပိုမိုစောပြီးအောင် ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခုရှိပြီး ပဲခူးခရိုင်၌ ဇန်နဝါရီလ(၁၀)ရက်နေ့တွင်လည်းကောင်း၊ သာယာဝတီခရိုင်၌ ဇန်နဝါရီလ(၁၃)ရက်နေ့တွင်လည်းကောင်း၊ ပြည်ခရိုင်၌ ဇန်နဝါရီလ(၁၄)ရက်နေတွင်လည်းကောင်း ပန်းခင်းစီမံချက် လျာထားချက် ပြီးပြည့်အောင်ခဲ့ပြီးဖြစ်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက် ပြီးပြည့်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ကေတုရတနာခန်းမသို့ သွားရောက်၍ ခန်းမပြန်လည် အဆင့်မြှင့်နိုင်ရေး တွက်ချက်တင်ပြရန် မှာကြားခဲ့ပြီးနောက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၄၅၅)သန်းဖြင့် တည်ဆောက် လျက်ရှိသော တောင်ငူမြို့ အဆင့်မြင့်မိုးလုံလေလုံ အားကစားခန်းမ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။