Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)တောင်သူသင်တန်းအမှတ်စဉ် (၂/၂၀၂၂) အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)တောင်သူသင်တန်းအမှတ်စဉ် (၂/၂၀၂၂) အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

ပဲခူး စက်တင်ဘာ ၂၂

===================

       နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ စက်မှုလယ်ယာသင်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)တောင်သူသင်တန်းအမှတ်စဉ်(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောကြားသည်။

           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခုဖြစ်၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးသည် လယ်ယာမြေပြုပြင်သည့်အဆင့်မှ စိုက်ပျိုးခြင်း၊ ရိတ်သိမ်း ခြင်း၊ ခြွေလှေ့ခြင်းနှင့် သိုလှောင်ခြင်းအဆင့်ဆင့်ကို စက်ကိရိယာများ သုံးစွဲလုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ စက်မှု လယ်ယာလုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၏ အင်အားတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများကို လယ်ယာလုပ်ငန်းခွင်၌ စနစ်တကျ နည်းမှန်လမ်းမှန် အန္တရာယ်ကင်းကင်း သုံးစွဲနိုင်ရန်အတွက် တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ လယ်ယာသုံး စက်ကိရိယာများအား ပစ္စည်း မှန်၊ ဈေးမှန် ဝယ်ယူအသုံးပြုနိုင်ရေး နိုင်ငံတော်အစိုးရမှ လက်ငင်းစနစ်နှင့် အရစ်ကျစနစ်များဖြင့် စီစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်းနှင့် သင်တန်းသားများအနေဖြင့် မိမိရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားသင်ယူပြီး နိုင်ငံတော်၏ လယ်ယာထုတ်ကုန် တိုးတက်မြင့်မားရေးကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဦးသန်းထွန်းမှ စက်မှုလယ်ယာသင်တန်းကျောင်း (ဘုရားကြီး)၏ သမိုင်းကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းဖွင့်လှစ်ပြီးစီးခဲ့မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ စည်းကမ်းချက်နှင့်အညီ သင်တန်းသင်ကြားနိုင်ရေးနှင့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster ထိုးနှံပေးနို်ငရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၂)အား ရက်သတ္တပါတ် (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ(၂၀)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ(၇)ဦး၊ ဧရာဝတီတိုင်းဒေသကြီး မှ(၂၂)ဦး၊ ကရင်ပြည်နယ်မှ(၁)ဦး စုစုပေါင်းတောင်သူ (၅၀)ဦးအား လယ်ယာသုံးစက်ကိရိယာ အမျိုးမျိုးမောင်းနှင်ခြင်း၊ လယ်ယာသုံး စက်ကိရိယာ ပြုပြင်ထိန်းသိမ်း ခြင်းနှင့် ထွန်းယက်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကလိကျေးရွာ၊ အနောက်ဘက်မြို့ရှောင်လမ်းဆုံအနီးရှိ နေလဝန်း သွပ်ပြားအမျိုးမျိုး ထုတ်လုပ်သည့်စက်ရုံနှင့် တစ်ရက်လျှင် တန်(၁၀၀)ကျအဆင့်မြှင့်ဆန်စက်တို့အား သွားရောက်၍ စက်ရုံများလည်ပတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံ/အလုပ်ရုံများ လျှပ်စစ်မီးပုံမှန်ရရှိစေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြား ခဲ့သည်။