Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒေသအလိုက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွား ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ဒေသအလိုက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွား ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၁

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီးနောက် မိုးဦးရာသီ ရောက်ရှိလာပြီဖြစ်၍ သွေးလွန် တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများအား ရပ်ကွက်/ ကျေးရွာများနှင့် စာသင်ကျောင်းများတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန်၊ ဒေသအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအလိုက် တင်ဒါ လုပ်ငန်းစဉ်များ ပြီးစီးပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများအား အနီးကပ်ကြီးကြပ် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ စက်သုံးဆီများလည်း လျော့ချသုံးစွဲနိုင်ရေး ဌာနအလိုက် စီမံချက်များချမှတ်ဆောင် ရွက်ရန်နှင့် မိမိတိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်ပစ္စည်းများ ကုန်လမ်း/ရေလမ်းများမှ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး စစ်ဆေးရေး ဂိတ်အလိုက် (၂၄)နာရီအချိန်ပြည့် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ရုံးတွင်း/ရုံးပြင် သန့်ရှင်းသပ်ရပ်စေရေး၊ စာရင်းဇယားအချက်အလက်များ တောင်းခံရာတွင် မှန်မှန်ကန်ကန်နှင့် အမြန်ဆုံးတင်ပြပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦ လုံခြုံရေး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ တိုးချဲ့ဖွင့်လှစ်နေမှု အခြေအနေများနှင့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အရှိန် အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် အသီးသီးအကြံပြုတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရှိရ သည်။

     ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ စက်မှုလက်မှု အထက်တန်းကျောင်းများနှင့် သင်တန်းကျောင်းများ၏ တာဝန်ခံများက ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နေမှု၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေများနှင့် သီးခြားလိုအပ်ချက်များ တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။