Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသို့ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသို့ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၃၀

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအား ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသို့ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြု လုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပြောကြား ခဲ့ပြီးနောက် မြို့နယ်များအားလုံး မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်၍ အသီးအနှံအောင်မြင်စေရေး လယ်ကွက်အတွင်း မြက်ပင်များနှင့် ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး သက်ဆိုင်ရာဌာနဆို်ငရာများမှ ကွင်းဆင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးပြီးမိုးစပါးများ ပျက်စီးခဲ့ပါက ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး အရံပျိုးပင်များ စိုက်ပျိုးထားရန်လိုအပ်ကြောင်း၊ ဆောင်းရာသီတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး လိုအပ်သော မျိုးနေကြာများ ကြိုတင်ဝယ်ယူနိုင်ရေး စီစဉ်သွားရမည်ဖြစ်ကြောင်း၊ တစ်မြို့နယ်လျှင် (၁)လ (၁၀)ရွာ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းရာတွင် အိမ်တွင်းလက်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ နို့စားနွားမွေးမြူခြင်းအပြင် နို့နှင့်နို့ထွက် ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးခြင်းများ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ဒေသအလိုက် တိရစ္ဆာန်အမယ်စုံမွေးမြူနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန်နှင့် မွေးမြူသူတိုင်း နေဗီယာမြက်အား စိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်းကိုလည်း ဆောင်ရွက်ရန်လို အပ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြေအကြေ ကောက်ခံရရှိရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တက္ကသိုလ်ဝင်တန်း အောင်ချက မြင့်မားရေး  Workshop များ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ထိထိရောက်ရောက် ဆောင်ရွက်ကြရန်၊ လုံခြုံရေးစစ်ဆေးရေး ဂိတ်များတွင် ပေးအပ်ထားသည့်တာဝန်များ အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာရုံးများ လုံခြုံရေးထားရှိရန်နှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက အကြံပြု ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။