Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေ လိုက်လံကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေ လိုက်လံကြည့်ရှုစစ်ဆေး

ပြည် အောက်တိုဘာ ၃၁
======================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ တည်ဆောက်ရေး(၃)၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရားများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုအခြေအနေ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲအခြေအနေ အများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အခြေအနေများကို လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေး ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနတစ်ခုချင်းမှလည်း ကဏ္ဍအလိုက် ဆောင်ရွက်မှု အခြေအနေများအား ပြန်လည်တင်ပြပေးရန်၊ ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် သီးခြားလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ အစိုးရအဖွဲ့ဝန်ကြီးများက ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ အားသာချက်/ အားနည်းချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ပါ သရေခေတ္တရာ ပျူမြို့ဟောင်းတွင်း ဆောင်ရွက်နေသည့် ပြတိုက်အတွင်း ပြန်လည်အဆင့်မြှင့်တင် ခြင်း၊ နန်းတော်ရာကျုံး ပြန်လည်စမ်းသပ်တူးဖော်နေမှု၊ ကျုံးအတွင်းသို့ ရဟန္တာကန်၊ ကြာကန်၊ ဦးသောမကန်တို့မှတစ်ဆင့် ရှေးမူမပျက် ရေသွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ မျှော်စင်ဆောက်လုပ်ရန် အတွက် ယာယီသတ်မှတ်ထားသည့် သောင်းပြည့်ကုန်းနှင့် ကြက်တူရွေးတောင်တို့အားလည်းကောင်း၊ ဗိဿနိုးမိဖုရားနှင့် ဆွေတော်မျိုးတော်များ၏ အရိုးအိုးထားရှိရာ နေရာကိုလည်းကောင်း၊ ရှေးဟောင်းဇုန် အဝင်လမ်း ဖောက်လုပ်မည့်နေရာနှင့် ရှေးဟောင်းဇုန်ရှောင်ကွင်းလမ်း ဖောက်လုပ်မည့်မြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်တွင်း/ပြည်ပခရီးသွားများအတွက် အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ စားသောက်စရာ ဈေးဆိုင်တန်း၊ ခေတ္တ နားခိုရန်နေရာနှင့် ခေတ်မီ Public Toilet များ ဆောက်လုပ်နိုင်ရေး မြေနေရာရွေးချယ်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ ကမ်းနားလမ်းအား (၄)လမ်းသွားဖြင့် ပြန်လည်တိုးချဲ့ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ဂေါပကရုံး၌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်မြို့၊လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံနိုင်ရေး၊ ပြတိုက်ပြန်လည်တည်ဆောက်နိုင်ရေးနှင့် စွယ်တော်မြတ်ကိမ်းဝပ် စံပါယ်ရာ ဂန္ဓကုဋီတိုက် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။