Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့် ဂုဏ်ပြုခြင်း အခမ်းအနား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့် ဂုဏ်ပြုခြင်း အခမ်းအနား

ပြည် နိုဝင်ဘာ ၁

===========================

          ပြည်မြို့၊ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ အား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)၊ ဒေသကွပ်ကဲရေးမှူးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ် ရဲဗလတံဆိပ်ချီးမြှင့်ခံရသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)(၁)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၁၁)ဦး၊ ရာအိမ်မှူး(၆)ဦး၊ ဆယ်အိမ်မှူး(၁) စုစုပေါင်း(၁၉)ဦးအား ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်တံဆိပ် ရရှိသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ရဲရဲဝံ့ဝံ့နှင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်ကို ပဲခူးခရိုင်မှ(၇)ဦး၊ ညောင်လေးပင် ခရိုင်မှ (၉)ဦး၊ တောင်ငူခရိုင်မှ (၁၀)ဦး၊ ပြည်ခရိုင်မှ(၂)ဦး၊ နတ်တလင်းခရိုင်မှ (၉)ဦး၊ သာယာဝတီခရိုင်မှ (၈)ဦး၊ စုစုပေါင်း(၄၅)ဦးရရှိခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးအနောက်ခြမ်းဖြစ်သည့် ပြည်ခရိုင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်တို့မှ စုစုပေါင်း(၁၉)ဦး ရဲဗလတံဆိပ်တံဆိပ်ချီးမြှင့် အပ်နှင်းခံခဲ့ရကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် တိုးချဲ့(၂)ထပ်ဆောင်အသစ်တည်‌‌ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်တိုင်များစိုက်ထူကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး ဆေးရုံဒီဇိုင်းများအား ခေတ်နှင့်အညီဖြစ်စေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ကြို့ပင်ကောက်မြို့ရှိ သဘာဝ Resin စားပွဲနှင့် သစ်သားပရိဘောဂ အရောင်းပြခန်းနှင့် တိုးမြင့် ဒိန်ချဉ်ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်အားပေးခဲ့ပြီး နို့စားနွား တိုးချဲ့မွေးမြူနိုင်ရေးအတွက်  မြေနေရာရှာဖွေရန်နှင့် FDA ခွင့်ပြုချက်ရရှိနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။