Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပေးအပ်သည့် ဘွဲ့တံဆိပ်များ သွားရောက်ချီးမြှင့်ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပေးအပ်သည့် ဘွဲ့တံဆိပ်များ သွားရောက်ချီးမြှင့်ပေးအပ်

ဇီးကုန်း ဇန်နဝါရီ ၁၄
=================

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်း ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူမည့်ပုဂ္ဂိုလ်များအား တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇီးကုန်မြို့နယ်၊ ကန္တလီကျေးရွာနေ သခင်လွင်(ခေါ်)ဦးဖိုးသင်ရရှိခဲ့သည့် သီရိပျံချီဆုတံဆိပ်အား ၎င်း၏ မြေးဖြစ်သူ ဦးသိန်းဦးအား သွားရောက်အပ်နှင်းခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။