Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ပြန်လည်ပြုပြင်မွန်းမံ ပြီးစီးခဲ့သည့် ရှေးဟောင်းပြတိုက်အသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ပြန်လည်ပြုပြင်မွန်းမံ ပြီးစီးခဲ့သည့် ရှေးဟောင်းပြတိုက်အသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့

ပြည် ဇန်နဝါရီ ၁၄
=====================

ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရွှေဆံတော်ဗုဒ္ဓ ပြတိုက် ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါပြတိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စေတီတော် ဂေါပကအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ် ပေးခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဆံတော်ဗုဒ္ဓပြတိုက်ရှေ့၌ နေရာယူကြပြီး မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်၍ ရွှေဆံတော်ဗုဒ္ဓ ပြတိုက်အသစ်အား ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပတ်ဖျန်းခဲ့ကြပြီး ပြတိုက်အတွင်း ခေတ်ကာလ၊ အမျိုးအစားအလိုက် ခွဲခြားပြသထားသည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ပေစာများနှင့် အခြားသာသနိကပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြတိုက်အတွင်း လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ သမိုင်း၊ တင်လှူပူဇော်ထားသည့် ထီးတော်အချက်အလက်များ၊ အခြားသတင်း အချက်အလက်များနှင့် စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိများအား ကြည့်ရှုနိုင် သည့် Software Program အသုံးပြု၍ Shwe San Taw Digital Information Center တည်ဆောက်ပြသထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်တွင်း/ ပြည်ပခရီးသွားများ လည်ပတ်သွားလာ သည့် ဘုရား၊စေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများတွင် တပ်ဆင်နိုင်ရေးနှင့် အင်္ဂလိပ်/မြန်မာ (၂)ဘာသာဖြင့် ထည့်သွင်းနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လှူဒါန်းမှုအစုစုအတွက် သာဓု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြပြီး လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဗုဒ္ဓပြတိုက်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ (၄-၁၀-၂၀၂၂)ရက်နေ့တွင် ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လာရောက် ဖူးမြော်စဉ် အသစ်ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရန် လမ်းညွှန်မှာကြားချက်အရ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ကျပ်သိန်း (၇၆၅)သိန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ရာ (၂၉-၁၂-၂၀၂၂)ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သတင်း ရရှိသည်။