Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုစစ်ဆေး

ပြည် ဇန်နဝါရီလ ၁၆
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက သရေခေတ္တရာ ပျူမြို့ဟောင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရေခေတ္တရာပျူမြို့ဟောင်းအတွင်းရှိ အရှေ့ဘက် ဆင်ကျုံးဟောင်းနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူနိုင်ရေး၊ လမ်းညွှန်ဆိုင်ဘုတ်နှင့် လမ်းများကောင်းမွန်စေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန်းတော်အရှေ့ဘက်ရေကျုံး တူးဖော် ထားရှိမှုနှင့် ထပ်မံ၍ တူးဖော်သွားရန်၊ တူးဖော်ရရှိသည့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများအား စနစ် တကျ မှတ်တမ်းတင်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပြီး ဘောဘောကြီးစေတီအနီး Public Toilet တည်ဆောက်မည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ လက်ခုပ်ပင်စိုက်ပျိုးရေးစခန်းရှိ ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ခင်း(၁၀)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးစေ့ ထုတ်စိုက်ခင်းများတွင်အသုံးပြုရန် Mobile Solar(၁)စုံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ပန်းတောင်း မြို့နယ်၊ သရက်လိန်ကျေးရွာရှိ နေကြာသီးညှပ်စိုက်ခင်း(၅၀)ဧက အောင်မြင်ထွန်းနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး နွေစပါးစိုက်ပျိုးနိုင်ရေး ဆည်ရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ သူရဲတန်းကျေးရွာ၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးဧက(၁၀၀) အစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများအတွက် လိုအပ်သည့် မျိုးစပါးနှင့် မြေဩဇာများ အချိန်မီထောက်ပံ့ပေး နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဧရာဝတီမြစ်ရေအား စိုက်ပျိုးရေး အတွက် အကျိုးကျိုးရှိရှိ အသုံးချပြီး နွေစပါး(၁၀၀)ဧက လျှပ်စစ်ရေတင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သူရဲတန်းကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းရန်နှင့် ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတွင် ဓါတ်လှကားတပ်ဆင်နိုင်ရေး ကနဦးလေ့လာစမ်းစစ်ချက်များဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။