Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးလျက်ရှိ

နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးလျက်ရှိ

ပဲခူး ဖေဖော်ဝါရီ ၂၀

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးနေမှုအား ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့၊ မြို့ပေါ်ဈေးများမှ ဈေးသူ/ဈေးသားများနှင့် ပြည်သူများက ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် အားပေးစာလွှာများအား လှည်လည့်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထို့နောက် စားသောက်ဖွယ်ရာများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ များ စုပေါင်း၍ ရှေ့တန်းရောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ပေးပို့မည့် မော်တော်ယာဉ်များပေါ်သို့ တင်ပေး ခဲ့ကြကြောင်း သိရှိရသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းအခမ်းသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

          ထို့‌နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့များအတွက် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က ရဲတပ်ဖွဲ့ဝင်များ အတွက် စဉ်ဆက်မပြတ် ဘက်ပေါင်းစုံမှ ထောက်ပံ့‌ပေးအပ်မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မြို့ပေါ်ရှိ ဈေးသူဈေးသားများပါဝင်မှု၊ ဒေသခံပြည်သူ များ၏ စုပေါင်းပါဝင်လှူဒါန်းမှုတို့ဖြင့် ရခိုင်ပြည်နယ်ရှိ ရှေ့တန်းရောက်တပ်မတော်သားများ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်းကျပ်သိန်း(၂၃၁၄၆၂၈၅၀) တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ဂုဏ်ပြုထောက်ပံ့ ပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။