Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နွေစပါးအောင်ရေရရှိစေရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာကြား

နွေစပါးအောင်ရေရရှိစေရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာကြား

ပဲခူး မတ် ၇

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၇)ရက်နေ့၊ နံနက် ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၂)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကို ရောက်ရှိလာပြီဖြစ်ပြီး လေပြင်းတိုက်ခြင်း၊ မိုးသက်လေပြင်း ကျခြင်း၊ မီးဘေးအန္တရာယ်နှင့် ရေရှားပါးခြင်းစသော သဘာဝ ဘေးအန္တရာယ်များ ကျရောက်နိုင်မည်ဖြစ်၍ ကြိုတင်ကာကွယ်ရေးလု်ပငန်းများ ဇာတ်တိုက် လေ့ကျင့်ခြင်း၊ လူ/စက်ယာဉ်ယန္တရားများ အသင့်အနေအထား ထားရှိခြင်းခြင်း၊ မီးတားလမ်းများ ဖောက်လုပ် ခြင်းနှင့် ရုံး/ဌာန အဆောက်အဦများတွင် မီးငြိမ်းသတ်ပစ္စည်းများ စနစ်တကျထားရှိခြင်းများ ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာသီရောက်ရှိနေပြီဖြစ်၍ နွေစပါးအောင်ရေ ရရှိစေရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရန်နှင့် ရေချိုကို အကျိုးရှိစွာအသုံးပြုရန်ဖြစ် ကြောင်း၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်အလိုက် ကိုင်းမြေများ၊ မြေနုကျွန်းမြေများ ရှာဖွေဖော်ထုတ်၍ တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးသွားရမည်ကြောင်း၊ နေကြာစိုက်တောင်သူများ အတွက် သွင်းအားစုသဘာဝမြေဩဇာ၊ မျိုးကောင်းမျိုးသန့်နှင့် စိုက်နည်းစနစ်များအား ထောက်ပံ့ပေး နိုင်ရေး ကြိုတင်စီစဉ်ထားရမည်ဖြစ်ကြောင်း၊ ရုံးတွင်း/ပြင်ပ လုံခြုံရေးနှင့်ပတ်သက်၍ မပေါ့ဆဘဲ အမြဲတမ်း လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် ဆောင်ရွက်ကြရန်၊ စာရွက်စာတမ်းလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ လျှို့ဝှက်ချက်အက်ဥပဒေကို အထူးလေးစားလိုက်နာကြရန် ပြောကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများနှင့် သီးခြားလိုအပ်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ဖြည့်စွက်အကြံပြု တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။