Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံမှုဖြစ်စေရေး တွန်းအားပေးဆောင်ရွက်

နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံမှုဖြစ်စေရေး တွန်းအားပေးဆောင်ရွက်

ပဲခူး ဧပြီ ၂

==============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စားသုံးဆီဖူလုံပိုလျှံရေး ဆီထွက်သီးနှံ နေကြာအား သီးထပ်၊ သီးညှပ် စိုက်ပျိုးသည့်အပြင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးကိုလည်း အထူး အလေးထား ဆောင်ရွက်သွားရန်လိုအပ်သည့်အပြင် လူတစ်ဦးချင်း ဆီစားသုံးမှု လျော့ကျစေရေး အသိ ပညာပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးနိုင်မည့် ဖြစ်နိုင်သည့် မြေနေရာများနှင့် နေကြာမျိုးအတွက် ဧက(၁၀၀၀) စိုက်ပျိုးသွားရန်ဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများအား မြေလပ် မရှိစေရေး ဒေသနှင့် ကိုက်ညီသည့် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် လိုအပ်သည့် စိုက်ပျိုးရေရရှိရေး ချောင်းပိတ် မြောင်းပိတ်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ မြောင်းသွယ်မြောင်းများ ပြန်လည်တူးဖော်ခြင်းနှင့် အဆင့်မြှင့် တင်ခြင်း၊ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းစသည် နည်းလမ်းပေါင်းစုံဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်၍ မြို့နယ်အလိုက် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များဖြင့် မြေပြင် ကွင်းဆင်း တင်ပြပေးရန်လိုအပ်ကြောင်း၊ ဆားငံရေဝင်ရောက်သည့် မြစ်ချောင်းများအနီး၌ ဆားငံ ရေဒဏ်ခံနိုင်သည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တောင်သလယ်သမားများ၏ အဓိကစိန်ခေါ်မှုမှာ သွင်းအားစုဈေးနှုန်း ကြောင့်ဖြစ်၍ မိမိတို့တို်ငးဒေသကြီးအတွင်းရှိ တောင်သူ လယ်သမားများကိုယ်တိုင် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး အသိပညာပေးခြင်း၊ လက်တွေ့ဆောင် ရွက်သရုပ်ပြသခြင်းများအား စိုက်ပျိုးရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်း ဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်များ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်း စီမံချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်ရှင်းလင်း အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။