Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နှစ်စဉ်ရေကြီးနစ်မြှုပ်လျက်ရှိသည့် ရေတာရှည်မြို့နယ်၊ စကွေး(မရိုးခုံ)ကျေးရွာအုပ်စု၊ မရိုးခုံကျေးရွာ စနစ်တကျ ပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နှစ်စဉ်ရေကြီးနစ်မြှုပ်လျက်ရှိသည့် ရေတာရှည်မြို့နယ်၊ စကွေး(မရိုးခုံ)ကျေးရွာအုပ်စု၊ မရိုးခုံကျေးရွာ စနစ်တကျ ပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၄

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ နှစ်စဉ်ရေကြီးနစ်မြှုပ် လျက်ရှိသည့် ရေတာရှည်မြို့နယ်၊ စကွေး (မရိုးခုံ)ကျေးရွာ အုပ်စု၊ မရိုးခုံကျေးရွာ စနစ်တကျပြောင်းရွှေ့ နေရာချထားပေး နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း နှစ်စဉ် ရေကြီးနစ်မြှုပ်လျက်ရှိသည့် မရိုးခုံကျေးရွာ စနစ်တကျပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ဆောင်ရွက် ရာတွင် လိုအပ်သည့် ရွာမြေတိုင်းတာကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းသွားရန်၊ မြေနေရာများအား မြေညှိရှင်း လင်းခြင်း ဆောင်ရွက်သွားရန်၊ ပြောင်းရွှေ့မည့်မြေနေရာနှင့်ပတ်သက်၍ မြေတည်နေရာ၊ အကျယ် အဝန်း၊ ပုံသဏ္ဍာန် မြေပြင်အနေထားတို့အရ နေထိုင်ရန်အကွက်ချပုံစံ၊ အိုးအိမ်ဦးစီးဌာနနှင့် ကျွမ်းကျင်အင်ဂျင်နီယာများ ပူးပေါင်း ရေးဆွဲရန်၊ အိမ်အကွက်ချနှင့် ရွာတွင်းလမ်းများ အကွက်ရိုက် တိုင်းတာပေးရန်၊ အိမ်ခြေအလိုက် မဲစနစ်ဖြင့် မြေကွက်နေရာများ ချထားပေးသွားရန်၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ ရေရရှိရေးဆောင်ရွက်ပေးရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြားအုပ်ချုပ်ထောက်ပံ့ကိစ္စများ ဆောင်ရွက်ပေးရန်တို့အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ကော်မတီများဖွဲ့စည်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း နှစ်စဉ်ရေကြီးနစ်မြှုပ်လျက်ရှိသည့် မရိုးခုံကျေးရွာ စနစ်တကျ ပြောင်းရွှေ့ နေရာချထား ပေးနိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ပူးပေါင်းဆောင် ရွက်သွားမည့် အခြေအနေများကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရှိရသည်။

          တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စကွေး(မရိုးခုံ)ကျေးရွာအုပ်စု၊ မရိုးခုံကျေးရွာတွင် အိမ်ခြေ/ အိမ်ထောင်စု (၃၈၀)၊ လူဦးရေ(၁၁၉၃)ဦးရှိသည့်အနက် နှစ်စဉ်တောင်ကျခေျာင်းရေများခြင်းကြောင့်  အိမ်ခြေ/အိမ်ထောင်စု (၂၁၅)၊ လူဦးရေ(၈၃၁)ဦး ရေကြီးနစ်မြှုပ်ခံစားခဲ့ရသဖြင့် အဆိုပါ အိမ်ခြေ/ အိမ်ထောင်စု (၂၁၅)၊ လူဦးရေ(၈၃၁)ဦး ရေလွတ်သည့်နေရာသို့ စနစ်တကျ ပြောင်းရွှေ့နေရာချထား ပေးနိုင်ရေး အလျင်အမြန် ဆောင်ရွက်သွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်လျက်ရှိပြီ စနစ်တကျ မြေကွက်ရိုက်ချထားပေးခြင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် ဘာသာရေးအဆောက်အဦများအတွက် မြေနေရာသတ်မှတ်ပေးခြင်း၊ ယင်လုံအိမ်သာ/ရေလောင်း အိမ်သာ ပြုလုပ်သုံးစွဲစေရေး၊ ကျေးရွာဟောင်းနေရာအား ကျေးရွာပိုင် ထင်းစိုက်ခင်းအဖြစ် အသုံးပြုစေခြင်း၊ ကျေးရွာသစ်နေရာမှ သစ်ပင်များခုတ်လှဲမှုမရှိစေရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ အနီးကပ်ကြီးကြပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။