Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၌ “ပညာဘဏ် စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၌ “ပညာဘဏ် စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၂၄

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၌ “ပညာဘဏ် စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၌ “ပညာဘဏ် စာကြည့်တိုက်”အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး သုတ/ ရသစာအုပ်စာစောင်များ ဝယ်ယူနိုင်ရေး အလှူငွေကျပ်သိန်း(၃၀)ပေးအပ်ခဲ့ကာ မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွား၍ လိမ္မာယဉ်ကျေးသည့် လူတော် လူကောင်းများဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်၍ လူငယ်များ စာကြည့်တိုက်သို့ လာရောက်စေရေး အလေးထားစည်းရုံးဆောင်ရွက်ရန် စာကြည့်တိုက်ကော်မတီဝင်များအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် “ပညာဘဏ် စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနားတွင် လာရောက်ဂုဏ်ပြုတင်ဆက်ခဲ့သည့် အကအဖွဲ့နှင့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။