Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပန်းတောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်

ပန်းတောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်

ပန်းတောင်း အောက်တိုဘာ ၁၁

          ပန်းတောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ်(၃) အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း မိုးသည်ထန်စွာ ရွာသွန်းခဲ့မှုကြောင့် အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ် အရ ပန်းတောင်းမြို့နယ်မှ ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၆)စုရှိ အိမ်ထောင်စု(၁၀၄၂)၊ လူဦးရေ(၃၇၀၃)ဦး အတွက် ဆန်အိတ် ပေါင်း(၃၃၈)အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက်အပံ့အဖြစ် ဖြန့်ဝေခြင်း အစီအစဉ်အရ လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တရားမဝင် ထုတ်ပြန်သည့် သတင်းအချက် အလက်များအား မယုံကြည်ကြရန်နှင့် တရားဝင်အစိုးရသတင်းဌာနများ၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် သဘာဝဘေးနှင့်ပတ်သက်သည့် အရေးပေါ်ကြိုတင်သတိပေးချက် ကိုသာ လိုက်နာဆောင်ရွက်ကြစေလို ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပန်းတောင်းမြို့နယ်အတွင်း ရေကြီး နစ်မြှုပ်ခဲ့သည့် ရပ်ကွက်(၄)ခုအတွက် ဆန်အိတ်များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်တို့က ရေကြီးနစ်မြှုပ်ခဲ့သည့် ကျေးရွာအုပ်စု များအတွက်လည်းကောင်း ဆန်အိတ်များ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့သည်။

          ယင်းနောက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်မှုအပေါ် ရေဘေးသင့်ပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။