Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူပေါင်းဖြေရှင်းဆောင်ရွက်စို့ ဆောင်ပုဒ်အတိုင်း လူသားတိုင်းတွင် တာဝန်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူပေါင်းဖြေရှင်းဆောင်ရွက်စို့ ဆောင်ပုဒ်အတိုင်း လူသားတိုင်းတွင် တာဝန်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ပဲခူး ဇွန် ၅

================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပလတ်စတစ်များသည် လူသားတို့အတွက် အကျိုးပြုသလို ၎င်းတို့ကို စတင်ထုတ်လုပ်သည်မှစ၍ စွန့်ပစ်သည်အထိ လူသားနှင့် ပတ်ဝန်းကျင်အပေါ် များစွာ ဆိုးကျိုးသက်ရောက်နိုင်ပြီး ဆွေးမြေ့ရန်ခက်ခဲခြင်း၊ ထုတ်လုပ်စဉ်နှင့် မီးရှို့ဖျက်ဆီးချိန်တွင် အီသိုင်လင်းအောက်ဆိုဒ်နှင့် ဒိုင်အောက်ဆင်ကဲ့သို့ အဆိပ်ဓါတ်ငွေ့များ ထွက်ရှိကြောင်း၊ ယင်းအဆိပ်ဓါတ် ငွေ့များသည် လူခန္ဓာကိုယ်၏ သွေးနှင့်ဆီးထဲသို့ ဝင်ရောက်ကာ မျိုးပွားစနစ်ကို ထိခိုက်စေနိုင်ပြီး ကင်ဆာ ရောဂါများဖြစ်စေနိုင်ကြောင်း၊ ပလတ်စတစ်များကို မြေကြီးထဲစွန့်ပစ်ပါက မြေထုအရည်အသွေး ကျဆင်း ခြင်း၊ သီးနှံပင်များ အထွက်နှုန်းနှေးခြင်း၊ အသီးမြုံခြင်းများ ဖြစ်စေနိုင်သကဲ့သို့ ရေထဲစွန့်ပစ်ပါက ရေထဲရှိ အောက်စီဂျင်ဓာတ် လျော့နည်းခြင်း၊ ရေနေသတ္တဝါများအတွက် အန္တရာယ်ရှိခြင်းများ ဖြစ်စေနိုင်သဖြင့် ပလတ်စတပ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူပေါင်းဖြေရှင်းဆောင်ရွက်စို့ ဆောင်ပုဒ်အတိုင်း လူသားတိုင်းတွင် တာဝန်ရှိကြောင်း၊ မိမိတို့လူသားအားလုံး မှီတင်းနေထိုင်သည့် ကမ္ဘာကြီးကို ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရန်၊ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာသည့် ပတ်ဝန်း ကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရေး လူသားတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိများကြွယ်ဝပြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အပြုအမှုများကို အလေ့အကျင့်မှ အလေ့အထဖြစ်သည်အထိ ကျင့်သုံး၍ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေ သောဆုရရှိသည့် အခြေခံပညာကျောင်းအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လည်းကောင်း၊ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးဆုရ ကျောင်းသား/သူများအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပဲခူးမြို့၊ သပြေကုန်းဘိုးဘွာရိပ်သာသို့ သွားရောက်၍ သက်ကြီးဘိုး/ဘွားများအား တစ်နေ့စာ ထမင်းအဟာရများ ကျွေးမွေးခဲ့ပြီး ဂါရဝပြုလက်ဆောင်ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကာ ဘိုးဘွား ရိပ်သာ ဘက်စုံပြုပြင်မွမ်းမံနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် မွန်းလွဲပိုင်း၌ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန် တော်ကြီးတွင် (၃၀)ကြိမ်မြောက် အစိုးရနိကာယ်ငါးရပ်(ဝိဒူတန်းနှင့် မဟာဝိဒူတန်း) စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်/သီလရှင်(၃၂၀)ပါးနှင့် ကြီးကြပ်ဆရာတော်များအား နဝကမ္မအလှူငွေနှင့် အအေးများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။