Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးခရိုင်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကြိုတင်ပျိုးထောင်ထားသည့် အရံပျိုးခင်း များမှ ပျိုးပင်များဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေများအတွင်း မိုးစပါးပြန်လည်စိုက်ပျိုးနေမှု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးခရိုင်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကြိုတင်ပျိုးထောင်ထားသည့် အရံပျိုးခင်း များမှ ပျိုးပင်များဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေများအတွင်း မိုးစပါးပြန်လည်စိုက်ပျိုးနေမှု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၁၄

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၄)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးခရိုင်အတွင်း ကြိုတင်ပျိုးထောင်ထားသည့် အရံပျိုးခင်းများမှ ပျိုးပင်များဖြင့် ရေကြီးနစ်မြှုပ် ခဲ့သည့် လယ်မြေများအတွင်း မိုးစပါး ပြန်လည်စိုက်ပျိုး နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွအုပ်စု၊ ဖရဲကွင်း၌ ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေများတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် သက်တမ်းတူ၊ မျိုးတူ စပါးပျိုးပင်များ ကောက်စိုက်လုံမေများဖြင့် ပြန်လည်အစားထိုး စိုက်ပျိုးနေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသတွင်း ရေကြီးနစ်မြှုပ်သည့် လယ်မြေများအတွက် မြို့နယ်အလိုက် အရံပျိုးထောင်ခင်းမှ ပျိုးပင်ဖြန့်ဝေခြင်းအား အမြန်ဆောင်ရွက်သွားရန်၊ ရေလွှမ်းခဲ့သည့် မိုးစပါး စိုက်ခင်းများအား မြို့နယ်အလိုက် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းစိစစ်၍ ပြန်လည်ဖာထေးစိုက်ပျိုးနိုင်ရေး ပံ့ပိုးကူညီပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖရဲကျေးရွာ ကုန်ထုတ် လမ်းတစ်လျှောက် အရိပ်ရသီးပင်/ စားပင်များ စိုက်ပျိုးထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး ကြီးထွား ရှင်သန်နိုင်ရေး ပြုစုထိန်းသိမ်းရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်၊ မြို့ရှောင်လမ်း ၌ သဘာဝနည်းဖြင့် ဘဲသားခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသော “လရောင်ခြယ်” ဝမ်းဘဲလေး ဓာတ်ဖောက်ဆိုင်သို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း အသားနှင့် ဥစားသုံးမှု ဖူလုံပိုလျှံစေရေး၊ သက်သာ သော နှုန်းထားဖြင့် ရောင်းချနိုင်ရေး ဘဲမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန် လမ်းညွှန်မှာ ကြားခဲ့သည်။ အဆိုပါ ဘဲသားပေါက်မွေးမြူရေးလုပ်ငန်းမှ လစဉ်ဘဲသားပေါက်ကောင်ရေ (၁၅၀၀၀၀)ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးသို့ အဓိကတင်ပို့ပေးလျက်ရှိကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကတွင်းခြံ ကျေးရွာအုပ်စု၊ ဖဲဖောင်တော်ကွင်း၌ ကြိုတင်ပျိုးထောင်ထားသည့် အရံပျိုးခင်းမှ သားတက်ပွားဖြင့် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူနှင့်တွေ့ဆုံ၍ ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လယ်မြေများအတွက် ပျိုးပင်များ၊ မျိုးစပါးများ လုံလောက်စွာ ကြိုတင်စုဆောင်းထားပြီးဖြစ်၍ တောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေဧရိယာ အပြည့်အဝ စိုက်ပျိုး သွားရန်နှင့် လိုအပ်သည့် ပျိုးပင်ရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။