Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၀

====================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ် မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ(၁၅၉၅၇၆)ဦး ဆောင်ရွက်ပေး ရမှာဖြစ်ကြောင်း၊ ယခုအခါ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် ပန်းခင်းစီမံချက်လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ဒါ့အပြင် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော eID လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်လူ့ဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများအတွက် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း (၁)စုံစီ ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံသားတစ်ယောက်ရဲ့ လူမှုဘဝလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအား တစ်ယောက်မကျန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရမည်ဆို့သည့် ခံယူချက်ဖြင့် ဝန်ထမ်းများအားလုံး အားကြိုးမာန်တက် တက်ညီလက်ညီ ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးခရိုင်တွင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ခဲ့သည့်အတွက် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပဲခူးခရိုင်လူဝန်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဦးစီးမှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအောင်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ပဲခူးခရိုင်ပြည်သူ့အင်အားဦးစီးဌာနရှိ ဝန်ထမ်းများ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားတွင် ပြသထားသည့် ပန်းခင်း စီမံချက်ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးခရိုင်အတွင်း မြို့နယ်(၈)မြို့နယ်၊ ရပ်ကွက်(၁၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၄၄)အုပ်စု၊ ကျေးရွာ(၁၃၄၄)ရွာဖြင့် ဖွဲ့စည်းထားရှိပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန် လူဦးရေ(၅၀၉၀၆)ဦး ဖြစ်သော်လည်း လူဦးရေ(၅၁၇၀၀)ဦး ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ပြီးစီးမှုရာခိုင်နှုန်း(၁၀၄.၂၂)ရာခိုင်နှုန်းဖြစ်ပြီး သတ်မှတ်ကာလထက်(၉)လ ပိုမိုစောပြီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိ သည်။