Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၃/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၃/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၃

=====================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ (၂၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၃/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ပြောကြားချက်များကို သိရှိစေရန်နှင့် မြို့နယ်အလိုက် ဆောင်ရွက်ချက်များကို သိရှိလို၍ မှန်မှန်ကန်ကန် တင်ပြပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းတွင် အသွင်ပြောင်း Delta Virus  ရောဂါပိုးဖြစ်၍ ကူးစက်မှုအလွန်မြန်ကြောင်း၊ မြို့နယ်များအလိုက် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာများ ထပ်မံတိုးချဲ့ဆောင်ရွက်၍ ကုသမှုပေး နိုင်ရေး ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့် ဇူလိုင်လ နောက်ဆုံးပတ်နှင့် ဩဂုတ်လပထမပတ်တွင် တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အလုံးရေ(၄)သန်း ပထမအကြိမ်ရောက်ရှိမည်ဖြစ်ပြီး ထပ်မံ၍လည်း တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အလုံးရေ(၄)သန်း ထပ်မံမှာယူ ထားကြောင်း၊ ရုရှားနိုင်ငံမှလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)သန်းကိုလည်း မှာယူထားပြီး ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် သက်ကြီးရွယ်အို များအား ဦးစားပေး အမြန်ဆုံး ထိုးနှံပေးနိုင်ရေး စာရင်းဇယားများ မထပ်စေရန် သေချာပြုစုထားရန် လိုအပ်ကြောင်း၊ မြို့နယ်အလိုက် မလိုအပ်ဘဲ အောက်စီဂျင် သိုလှောင်ထားရှိမှုနှင့် အောက်စီဂျင်အား မသမာသော နည်းလမ်းဖြင့် စီးပွားရေး ဈေးကွက်တစ်ခုအလို့ငှာ ရောင်းချနေမှုများအား စိစစ် ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝါတွင်းကာလရောက်ပြီဖြစ်၍ မြို့နယ် အလိုက်ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆန်နှင့် ဆေးဝါးများ ထောက်ပံ့ လှူဒါန်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ခဲ့သည့် Connect Person များအား သေချာစိစစ် ဖော်ထုတ်၍ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်မှသာ ပြည်သူအတွင်း ပြန့်နှံ့နေသည့် ကိုဗစ်-၁၉ ရောဂါပိုးကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ကာကွယ်ရေးအပိုင်းကို တင်းတင်းကြပ်ကြပ် ပြတ်ပြတ် သားသား ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆေးရုံပြင်ပ သေဆုံးလူနာများအား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီသာ သင်္ဂြိုလ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဩဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီး၌ အောက်စီဂျင် (၄၀)လီတာအိုး (၁၆၀၀)ကျော် ထုတ်လုပ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ Flow Meter Oxygen (၁၅၀၀)လုံးကိုလည်း မှာယူထားပြီးဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်အဆင့် ဆေးရုံကြီးများတွင် Liquid Oxygen သိုလှောင်ကန်များ၊ Oxygen ထုတ်လုပ်သည့်စက်ရုံများ၊ Liquid Oxygen ထုတ်ပေးသောနေရာမှ လူနာများထံသို့ ပေးပို့ထားသော ပိုက်လိုင်းများအား မသမာသူများ၏ နှောင့်ယှက်ဖျက်ဆီးမှုများ မခံရစေရေး လိုအပ်သော လုံခြုံရေး တာဝန်များ အချိန်ပြည့်ချထားခြင်း၊ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်ရှိသူအဆင်ဆင့်မှ အမြဲမပြတ် စစ်ဆေးကြပ်မတ်ပေးသွားရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်း လိုအပ်ချက်များအား အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး ခရိုင်အလိုက်စုစည်း တင်ပြပေးရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု နှိုင်းယှဉ်ချက်ကိုလည်းကောင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းလုပ်ငန်း များနှင့် မြို့ဝင်/ထွက် စစ်ဆေးခြင်း၊ ကျေးရွာအလိုက် Facility Quarantine များဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စေတနာ့ဝန်ထမ်းများက စက်သုံးဆီလိုအပ်ချက်၊ PPE Level(1) လိုအပ်ချက်၊ ပိုးသတ်ဆေးလိုအပ်ချက်များ တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်ချက်များ ချက်ခြင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။