Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19ရောဂါ  ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19ရောဂါ  ကာကွယ်ဆေးထိုးနှံပေး

ပဲခူး မတ် ၈

================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မတ်လ(၈) ရက်နေ့၊ မွန်းလွဲ(၁၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များအား အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက COVID-19ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းပြောကြား ခဲ့ပြီး COVID-19ရောဂါ  ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

          COVID-19ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မတ်လ(၈)ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း(၉၉၇)ဦးအား အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက အဖွဲ့(၅)ဖွဲ့ခွဲ၍ ထိုးနှံပေးခဲ့ပြီး၊ မေ(၉)ရက်မှ (၁၂)ရက်နေ့အထိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း (၁၈၈၃)ဦးအား ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။