Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်းကျောင်းအုပ်(မူ/အုပ်)များ စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်းကျောင်းအုပ်(မူ/အုပ်)များ စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၂၄

=================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်း ကျောင်းအုပ်များ (မူ/အုပ်) စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဆန်းအောင်က အခြေခံပညာ ကျောင်းများရှိ ဆရာ/ဆရာမများ စွမ်းရည်မြှင့်မွန်းမံသင်တန်း ဖွင့်လှစ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အခြေခံပညာမူလတန်းကျောင်းအုပ်များ(မူ/အုပ်) စွမ်းရည်မြှင့် မွန်းမံသင်တန်းသို့ တက်ရောက်နေ သည့် ဆရာကြီး/ဆရာမကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းတက်ရောက် နေသည့် ဆရာကြီး/ဆရာမကြီးများအား အမှတ်တရ မှတ်စုစာအုပ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။