Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့ မြို့ဦးကင်းတံတား တည်ဆောက်ပြီးစီးမှု နှင့် ကျုံးကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့ မြို့ဦးကင်းတံတား တည်ဆောက်ပြီးစီးမှု နှင့် ကျုံးကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၆

===================

          ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီဝင်များနှင့်အတူ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ မြို့ဦးကင်းတံတား တည်ဆောက်ပြီးစီးမှုနှင့် ကျုံးကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ကောင်စီဝင်များသည် ပဲခူးမြို့၊ မြို့ဦးကင်းတံတား ရှင်းလင်းဆောင်သို့ သွား ရောက်ခဲ့ရာ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉) မြို့ဦးကင်းတံတားတည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာ ဒေါ်စုမွန်ကျော်မှ မြို့ဦးကင်းတံတား တည်ဆောက်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးမှ မြို့ဦးတံတားနှင့် ချိတ်ဆက်မည့် မဂ္ဂတစ်လမ်း ကျုံးကူးတံတား တည်ဆောက်နေမှု အခြေအနေ၊ အရှေ့ဘက် မြို့ရှောင်လမ်း ဖောက်လုပ်နေမှု အခြေအနေနှင့် မြေယာလျော်ကြေး ပေးချေနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တံတား တည်ဆောက်ပြီးစီးသွားသော်လည်း ရေရှည်တည်တံ့နိုင်ရေး ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားရန်၊ တည်ဆောက်ဆဲ မဂ္ဂတစ်လမ်း ကျုံးကူးတံတားအား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများအား တင်ဒါစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များသည် မြို့ဦးကင်းတံတား ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် မဂ္ဂတစ်လမ်း ကျုံးကူးတံတား တည်ဆောက်နေသည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ မြို့ဦးကင်းတံတားသည် (၁၀၀%) ပြီးစီးခဲ့ပြီး၊ မဂ္ဂတစ်လမ်း ကျုံးကူးတံတားသည် (၃၀%) ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။