Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

ပဲခူး မတ် ၂၄

=================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မတ်လ(၂၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံ လူဦးရေ(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေတောင်သူများဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှသာ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products)အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းရှင်များအနေဖြင့် ကြိုးစားဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ တင်ပြပေးရန် ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်(၃) ဦးတင်သိန်းနှင့် အတွင်းရေးမှူး ဦးစိုးသိန်းတို့က ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မွေးမြူရေး လုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံ လုပ်ငန်းရှင်များအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများအား တင်ပြဆွေးနွေးပေးစေလိုကြောင်းနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ပံ့ပိုးဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်သူက တိရစ္ဆာန်အစာစပ်စက်ရုံများအနေဖြင့် အစာထုတ်လုပ်ရာတွင် ပဋိဇီဝဆေးများအား သတ်မှတ်ရာခိုင်နှုန်းအတိုင်းသာ ဆောင်ရွက်ရန်၊ ဥသားဖေါက် စက်များအနေဖြင့် မှတ်ပုံတင် ထားရှိရန်နှင့် ဇီဝလုံခြုံရေးအတွက် လိုအပ်သော ထောက်ခံချက်များ၊ စစ်ဆေးချက်များ ရရှိထားရန် လိုအပ်ကြောင်းကိုလည်းကောင်း အကြံပြု ဆွေးနွေးခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် အစာစပ်စက်ရုံလုပ်ငန်းရှင်များက သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လမ်း အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ဘဏ်လုပ်ငန်းများ လွယ်ကူနိုင်စေရေးတို့အား တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်(၃) ဦးတင်သိန်း၊ အတွင်းရေးမှူး ဦးစိုးသိန်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်သူနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေး လုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။