Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး  ဧပြီ ၁၃

====================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးဝန်း မြက်ခင်းပြင်၌ ဧပြီလ(၁၃) ရက်နေ့၊ ညနေ(၄)နာရီအချိန်က မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များနှင့် အတွင်းရေးမှူးတို့က  မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ အတာသင်္ကြန်ရေ ပက်ဖျန်းကာ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များကို မုန့်လုံးရေပေါ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

          အဆိုပါ မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ ကောင်စီဝင်များ၊ အတွင်းရေးမှူး၊ ဥပဒေချုပ် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။