Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပဲခူးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဖူမြော်ကြည်ညိုကာ စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေးဆောင်ရွက်ခြင်း ကို ကြည်ရှု့အားပေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပဲခူးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဖူမြော်ကြည်ညိုကာ စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေးဆောင်ရွက်ခြင်း ကို ကြည်ရှု့အားပေး

ပဲခူး   ဧပြီ    ၁၆

 =============

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် နှစ်သစ်ကူး အတာသင်္ကြန်အတတ်နေ့ ဧပြီလ (၁၆) ရက် နံနက် (၈)နာရီအချိန်က ပဲခူးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓော စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ​စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေးဆောင် ရွက်နေကြသည်ကို ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်မုဒ် တန်ဆောင်းအတွင်းရှိ ဗုဒ္ဓမြတ်စွာဘုရားများအား ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားများအား ရွှေသင်္ကန်းများ ဆပ်ကပ်လှူဒါန်း ကုသိုလ်ယူခဲ့ကြသည်။

          ထို့နောက် မြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာတစ်ရပ်နှင့်အညီ ရွှေမော်ဓော စေတီမြတ်ကြီးရှိ စေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ရင်ပြင်တော်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကြည့်ရှု့အားပေး ခဲ့ကြောင်း သတင်းရရှိသည်။