Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၇

=============

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ဧပြီလ(၁၇)ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ကျင်းပပြုလုပ်သည့်  အသက်(၈၅)နှစ် အထက် ဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ကန်တော့ခံ အဘိုးအဘွား (၃၀)ဦးအား တစ်ဦးလျှင်(၃)သောင်းနှုန်း ဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား သပြေကုန်းဘိုးဘွားရိပ်သာမှ အဘိုး ဦးသိန်းဟန်က ဆုပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း အသက်(၈၅)နှစ်အထက် အဘိုး(၁၀၇၄၉)ဦးနှင့် အဘွား(၁၆၁၅) စုစုပေါင်း(၂၆၉၀၅)ဦးအား (၁)သောင်းနှုန်းဖြင့် နေအိမ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။