Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဘုရားကြီးမြို့၊ ရွှေပြည်အေးကံထူးကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဘုရားကြီးမြို့၊ ရွှေပြည်အေးကံထူးကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၂၂

=====================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၉:၁၅)မိနစ်အချိန်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ရွှေပြည်အေးကံထူးကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရွှေပြည်အေးကံထူးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်သို့ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်လက်လှူဒါန်းခဲ့ပြီး ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးကာ သင်တန်းတက်ရောက်နေသည့် ကလေးများအတွက် အဟာရမုန့်များ ပေးအပ်ခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံးရှိ ငါးသားပေါက်စခန်းသို့ ရောက်ရှိခဲ့ပြီး စခန်းတာဝန်ခံ ဦးသူရမိုးမှ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ခေါင်းပွငါးကြင်း၊ ငါးကြင်းဖြူ၊ တီလားပီးယား၊ ငွေရောင်ငါးကြင်း၊ ရွှေဝါငါးကြင်း၊ တောင်ပေါ် ငါးသလောက်များအား မြစ်ချောင်းများတွင် ဒေသငါးမျိုးများ စိုက်ထည့်မည့် အစီအမံ အား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ငါးသားပေါက်များ ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်ရှိ ရှေးဟောင်းဂဝံသံပတ် စေတီတော်ကြီး မြတ်ကြီး တည်ဆောက်နေမှုအား သွားရောက်ကြည်ရှုခဲ့ကြောင်း သတင်းရရှိသည်။