Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်မြို့နယ်အတွင်း ကျန်းမာရေးနှင့် တောင်သူအကျိုးပြု လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်မြို့နယ်အတွင်း ကျန်းမာရေးနှင့် တောင်သူအကျိုးပြု လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၈

====================

            ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ (၂၈)ရက်နေ့ နံနက်ပိုင်းက ပြည်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိခဲ့ရာ ဆေးရုံဝန်းအတွင်း သံကူကွန်ကရစ်(၅)ထပ် အထွေထွေရောဂါကု ဆေးရုံအဆောက်အဦသစ် ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံအတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများအား လမ်းညွှန်မှာကြားခဲ့သည်။

            ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဇီးအုပ်ကျေးရွာ အုပ်စုအတွင်းရှိ တောင်သူလယ်သမားသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူလယ်သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများအတွက် နွေစပါးစိုက်ပျိုးရန် ရေလိုအပ်ချက်အား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တက်ရောက်လာသည့် ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက်(၁၀)မျိုးပါ သီးနှံမျိုးစေ့အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီးနောက် သင်တန်းကျောင်းအတွင်းရှိ စာသင်ခန်းမ၊ အိပ်ဆောင်၊ ထမင်းစားဆောင်နှင့် စပါး၊ငါး၊ဝက်၊ကြက်၊ဘဲ ဘက်စုံစိုက်ပျိုးမွေးမြူရေး စုပေါင်း လယ်ယာစနစ်(Integrated Farm) ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

            ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ကြည်သာအေးမြဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောသလ္လနှင့် ဓမ္မသိင်္ဂီမင်းကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာစက္ကတို့အား သွားရောက်ဖူးမြော်ကန်တော့ကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

            ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မွန်းလွဲပိုင်း ၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့ဆက်ဆောင်ရွက်မည့် Road Map (၅)ချက်၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးချင်းစီ သိရှိလိုက်နာရမည့် အခြေခံအချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြား ခဲ့ပြီးနောက် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ဆုတောင်းပြည့် ရှေးဟောင်းရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကန့်တော့ပြီး ဘက်စုံပြုပြင်နိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ နဝဒေးတံတား ချဉ်းကပ်လမ်း ပြည်ဘက်ကမ်း ကတ္တရာကွန်ကရစ်AC ခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။