Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ကျေးလက်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ကျေးလက်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၉

====================

            ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၉)ရက်နေ့၊ နံနက်ပိုင်းအချိန်က ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ရွှေတောင်− ရွှေနတ်တောင်− ညောင်စာရေး−ကွေ့မပေါ်ရှိ ရွှေနတ်တောင်−ညောင်စာရေလမ်း (၃)မိုင် (၀.၅)ဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့် Box Culvert (၃)စင်းတို့အား တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေကျပ်သန်း(၆၄၉.၈)သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုသည်။

            ရှေးဦးစွာ လမ်းတည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ ရွှေနတ်တောင်−ညောင်စာရေလမ်း (၃)မိုင် (၀.၅)ဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့် Box Culvert (၃)စင်း ဆောက်လုပ်နေမှုအခြေအနေအား ပဲခူးတိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကျော်လူက ရှင်းလင်း တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရွှေတောင်− ရွှေနတ်တောင်− ညောင်စာရေး−ကွေ့မလမ်းသည် ကျေးရွာပေါင်း(၉၀)ကျော် အဓိကအားထားအသုံးပြုလျက်ရှိပြီး ဒေသထွက်ကုန် များ သယ်ယူပို့ဆောင်ရေးနှင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့်တို့အတွက် များစွာ အထောက်အကူပြုမည်လမ်းဖြစ်၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး ကတ္ကရာလမ်းခင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

            ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကန့်တော့ခဲ့ပြီး စေတီတော်ဘတ်စုံအသုံးပြုနိုင်စေရေး အလှူငွေအား ပေးအပ်လှူဒါန်းခဲ့သည်။

            ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရန်ကုန်− ပြည်လမ်း၊ အုတ်ဖိုမြို့အထွက် လင်းလွန်းပင်တံတားနှင့် တံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ သာယာဝတီခရိုင်လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနီလာအောင်က တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရန်ကုန်−ပြည်လမ်း ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၏ မဟာဗျူဟာအရ အရေးပါပြီး အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့်ချိတ်ဆက်သည့် လမ်းဖြစ်၍ အချိန်မီပြီးစီးအောင်နှင့် လမ်း/တံတား အရည်အသွေး ပြည့်မီအောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

            ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ လိပ်ဥကုန်း−ရန်ကင်းတောင် ကျေးလက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝင်းဝင်းချိုမှ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကျေးရွာချင်းဆက်လမ်းများသည် တောင်သူလယ်သမားများ၏ ကုန်စည်စီးဆင်းမှုနှင့် လူမှုဘဝ များတိုးတက်မြင့်မားလာစေရန် ဆောင်ရွက်ခြင်းဖြစ်၍ စံချိန်စံညွှန်းနှင့်အညီ စေတနာထား ဆောက်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။