Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၉

====================

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ ခရိုင်/မြို့နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၂၉)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ညောင်ဝိုင်း ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးမျိုးစေ့ထုတ်ဧက (၁၀၀)စံပြစိုက်ကွက်အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး၊ တောင်သူ ဦးအေးလွင်၏ လျှော်ဖြူစိုက်ခင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများအား သွားရောက်ကြည့်ရှုခဲ့ရာ စိုက်ပျိုးရေးအပြင် မွေးမြူရေးပါတွဲဖက် ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက် (၁၀)မျိုးပါ မျိုးစေ့ထုတ်များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး စခန်းတာဝန်ခံ ဒေါ်မိုးသီတာက ငါးသားပေါက် မွေးမြူထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဒေသမျိုးရင်းငါးနှင့် စျေးကွက်တွက်ချေကိုက် ငါးမျိုးများ ဖြန့်ဝေပေးနိုင်ရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ပြီး ငါးတန်၊ ငါးမုတ်၊ တောင်ပေါ်ငါးသလောက်၊ ငါးခုံးမနှင့် တီလားပီယား ငါးသားပေါက် ထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မင်းလှ မြို့နယ်၊ တာကလေးကျေးရွာရှိ ချမ်းမြေ့မေစပါးမျိုး နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး အချိန်မီရိတ်သိမ်းနိုင်ရေးနှင့် လေလွင့်မှုအနည်းဆုံးဖြစ်စေရေးတို့အား လမ်းညွှန်မှာကြားခဲ့ကာ တက်ရောက်လာသည့် ဒေသခံတောင်သူများအား  ဟင်းသီးဟင်းရွက် (၁၀)မျိုးပါ မျိုးစေ့ထုတ်များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်ရှိ ဝေယံမိုးအဆင့်မြင့်ဆန်စက်(၂)သို့ သွားရောက်ခဲ့ပြီး ဆန်စက်လုပ်ငန်းရှင် ဦးလှဦးက ဆန်စက် လုပ်ငန်း လည်ပတ်နေမှုအခြေအနေအား ရှင်းလင်းတင်ပြီးခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးနေနိုင်ပြီဖြစ်၍ ဆန်စက်များလည်း အဆင့်မြင့်ရန် လိုအပ်ကြောင်း၊ ဒါမှသာ အရည်အသွေးပြည့်မီသည့် ဆန်များရရှိလာနိုင်ပြီး နိုင်ငံတကာမှာလည်း ခိုင်မာသည့် စျေးကွက်တစ်ခု ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆန်စက်အတွင်း ချမ်းမြေ့မေမျိုး ရက်(၉၀) စပါး ကြိတ်ခွဲနေမှုအား ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဝေယံမိုးအဆင့်မြင့်ဆန်စက်(၂)တွင် ကြိတ်ခွဲလျက်ရှိသော ဆန်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ပေးသွားဖြစ်ကြောင်း သတင်းရရှိသည်။