Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦး ဝေါမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦး ဝေါမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝေါ မေ ၂၂
=======================

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် မေလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ်အတွင်း‌‌ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် ဝေါမြို့နယ် ဖိုးဦးစိန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃)ဝါရှိ ဦးစီးပဓာနနာယက ဘဒ္ဒန္တစန္ဒိမာမဟာထေရ် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ဖူးမြှော်ကန်တော့ခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့်အဖွဲ့သည် ဖိုးဦးစိန်ရွာဦးဘုန်းတော်ကြီး၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ၊ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ဆက်သွားမည့် Road Map(၅)ချက်ကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများက လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုရေးလုပ်ငန်းများကိုလည်းကောင်း အသိပေး ပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ကျေးလက်လမ်း အဆင့်မြှင့်တင်ပေးရေး၊ ကုန်ထုတ်လမ်းရရှိရေး၊ ကျေးလက်တံတား တည်ဆောက်ပေးရေးနှင့် လျှပ်စစ်မီးရရှိရေးတို့အား တင်ပြခဲ့ရာ၊ အဖွဲ့ဝင်(၂) ဦးတင်ဦးက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွက် လိုအပ်သော (200 KVA) ထရန်စဖော်မာ(၁)လုံး တပ်ဆင်နိုင် ရေး ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့်အဖွဲ့သည် ဖိုးဦးစိန်ကျေးရွာအတွင်း (200 KVA) ထရန်စဖော်မာ ထားရှိရန်နေရာနှင့် တပ်တင်ပြီးစီးခဲ့သော ထရန်စဖော်မာများအား ကြည့်ရှုစစ်ဆေးခဲ့ရာ မိုးမကျမီ လုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး၊ ဖိုးဦးစိန်(၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသည့် လူနာနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တိုက်နယ်ဆရာဝန် ဒေါက်တာမောင်မောင်မျိုးသိန်းက ဆေးရုံအတွက် လိုအပ်ချက်များ တင်ပြခဲ့မှု အပေါ် ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆေးရုံအတွက် လိုအပ်သည့်လျှပ်စစ်မီးအား အမြန်ဆုံးလျှပ်စစ်မီးရရှိရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့်အဖွဲ့သည် ဖိုးဦးစိန်ကျေးရွာအခြေခံပညာ အထက်ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဌေးမှ ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခဲ့ရာ၊ COVID-19 စည်းကမ်းချက်နှင့်အညီ ပညာသင်ကြားပေးနိုင်ရေးနှင့် လုံခြုံစိတ်ချစွာ ကလေးငယ်များ ပညာသင်ကြားနိုင်ရေး ဌာနဆိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး၊ ဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင် ကြုံတူဘုရားစေတီတော်လမ်းဘေး အုတ်စီ ရေမြောင်းတူးဖော်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီ ရေစီးရေလာကောင်းမွန် စေရေး၊ သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးရေးနှင့် ရေမြောင်းလုပ်ငန်း ပြီးစီးသွားပါက Landscaping များ စနစ်တကျ ပြန်လည်ပြုလုပ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့်အဖွဲ့သည် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ သွားရောက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။