Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူး ဇွန် ၂

===============================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ‌ဇွန်လ(၂) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး    ကျင်းပပြု လုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပန်းခင်းစီမံချက် ဖြင့် ရသင့်ရထိုက်သည့် နိုင်ငံသားနှင့်တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက်ရာတွင် သွေးစစ်ဆေးခနှင့် ဓါတ်ပုံရိုက်ခများအား တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲပေးသွားမည်ဖြစ်၍ စာရင်းဇယားအချက်အလက်များ စာရင်းစစ်ခံယူနိုင်ရေး စနစ်တကျ ပြုစုထားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ ရာနှုန်းပြည့် ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာအထောက်အကူပြုအဖွဲ့များမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာထင်းစိုက်ခင်း(၁)ရွာလျှင် အနည်းဆုံး(၂)ဧကနှင့် အထက် စိုက်ပျိုးနိုင်ရေး သစ်တောဦးစီးဌာနမှ အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးလက်နှင့်မြို့ပြ လူမှုစီးပွားဘဝကွာဟမှု လျော့ချနိုင် ရေးအတွက် သင့်သာသည့်နှုန်းထားဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး ဆိုလာစနစ်အား အကောင်အထည် ဖော်‌ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေဖြင့် မြို့နယ် အလိုက် Land Mark ပျောက်ကွယ်မှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်လက်အပန်းပြေနိုင်ရန်အတွက် မြို့နယ်ဒေသအလိုက် အများပြည်သူ လမ်းလျှောက်နိုင်မည့်နေရာများ ဖန်တီးမည်ဖြစ်ကြောင်း၊ ကျောင်းပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းရေး အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့် သတင်းရရှိရေး အထူးအလေးထားဖို့ လိုအပ်ကြောင်း၊ ရုံး/ဌာန လုံခြုံရေးအား အထူးဂရုပြု ဆောင်ရွက်သွားရန်နှင့် CCTV များ တပ်ဆင်ထားရန် လိုအပ်ကြောင်း၊ မြို့နယ်(၁)မြို့နယ်လျှင် Facility Quarantine Center (၂)ခု ပြင်ဆင်ထားရန်နှင့် အသုံးပြုရမည့် ကျန်းမာရေး ကာကွယ်ရေးသုံးပစ္စည်းများ လုံလောက်စွာထားနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာ ကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)မှ CDM ပါဝင်သည့် ဝန်ထမ်းများ လုပ်ငန်းတာဝန်ပြန်လည် ထမ်းဆောင်လိုပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်အချက်အလက်များအား Power Point ဖြင့်လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြား ခဲ့ကြောင်း သိရှိရသည်။

          အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။