Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၀

===============

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ (၁၀)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting(Zoom System) ဖြင့်  ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ယနေ့အချိန်ထိ COVID-19 ရောဂါပိုးအား ပဲခူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ကဝမြို့နယ်နှင့် ဖြူးမြို့နယ်တို့တွင် စုစုပေါင်းလူဦးရေ(၅၈)ဦး တွေ့ရှိခဲ့ပြီဖြစ်ရာ လူတိုင်းလူတိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  COVID-19 စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူစုလူဝေး ဖြစ်စေနိုင်သည့် ဈေးများ၊ ရုံးများ၊ စာသင်ကျောင်းများအား အထူးသတိထားရန်လိုအပ်ကြောင်း၊ ပြည်သူများ လိုက်နာရမည့်အချက် များ၊ ကျောင်းများတွင် လိုက်နာရမည့်အချက်များ၊ ဈေးများတွင် လိုက်နာရမည့်အချက်များ၊ ရုံးများတွင် လိုက်နာရမည့်အချက်များအား အများမြင်သာနိုင်သည့် နေရာများတွင် ဗီနိုင်းကပ်ထား ရန်၊ ၎င်းပြင် မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာပြည်သူလူထုအဆင့်ထိ အသိပညာပေးရန် လိုအပ်ကြောင်း၊ မြို့နယ်အလိုက်COVID-19 ရောဂါကုသရေး အခန်းများ အဆင်သင့်ပြင်ဆင်ထားရန်၊ Community Based Facility Quarantine များ ဖွင့်လှစ်မည့် နေရာများအား ကြိုတင်ပြင်ဆင် ထားရန်၊ ကျန်းမာရေး အထောက်အကူပြု ကာကွယ်ရေးပစ္စည်းများ လိုအပ်ချက်များဖြည့်ဆည်း ထားရန်၊ စေတနာ့ဝန်ထမ်းများ၊ အထောက်အကူပြု အဖွဲ့အစည်းများနှင့် လူနာသယ်/ယူ ပို့ဆောင်ရေး မော်တော်ယာဉ်များ စနစ်တကျကြိုတင်စုဖွဲ့ထားရန်နှင့် မိမိတို့မြို့နယ်အလိုက် လိုအပ်သော အခြေခံစားသောက်ကုန် များ ပစ္စည်းစာရင်းကို တွက်ချက်စုဆောင်းထားနိုင်ရေးတို့အား ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာသီဟတို့က COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် ထောက်ပံ့ရေးအစီအစဉ်များကိုလည်းကောင်း၊ သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် COVID-19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများအား တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

          အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။