Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၈

===============

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၈)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ၊ တည်ဆောက်ရန်လျာထားသည့် စက်မှုဇုန် များအား စက်မှုဇုန်ဥပဒေနှင့်အညီ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ တချို့စက်ရုံ/အလုပ်ရုံများသည် စက်မှုစီးပွားဂရန် ရရှိထားခြင်းမရှိသဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ဆုံးရှုံးလျက်ရှိ၍ စက်မှုမြေများအား စက်မှုစီးပွားဂရန် လျှောက်ထားထုတ်ပေးနိုင်ရေး စီမံချက်ရေးဆွဲပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်မှုဇုန်ဝင်/ထွက်လမ်း သန့်ရှင်းသာယာလှပစေရေးနှင့် ယခုနှစ်မိုးရာသီတွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ စက်ရုံအလုပ်သမား ကြို/ပို့ မော်တော်ယာဉ်များ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်ရပ်နားစခန်းများ ဆောင်ရွက်ပေးရန်နှင့် လျှပ်စစ်မီး လုံလောက်စွာရရှိ စေရေးနှင့် မြေအောက်ရေသုံးစွဲမှု လျော့ချ၍ ပုဂ္ဂလိက ရေပေးဝေရေး စီမံကိန်းအား အမြန်ဆုံး ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူး ဦးရဲထွဋ်က လည်းကောင်း၊ ပြည်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် စက်မှုဇုန်များ ၏ အခြေအနေအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်ကလည်းကောင်း၊ တောင်ငူ မြို့နယ်အတွင်း စက်မှုဇုန်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထက်ကလည်းကောင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် စက်မှုဇုန်ဖော်ဆောင်ရန် လျာထားသည့် အခြေအနေများအား သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်ကလည်းကောင်း အသီးသီး Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တင်ပြချက် များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။