Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးစင်တာများ လိုက်လံကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးစင်တာများ လိုက်လံကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၉

================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၉) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က  ပဲခူးမြို့နယ်အတွင်းရှိ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးစင်တာများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း ပွဲကြည့်စင်၌ ဖွင့်လှစ်ထားသည့် COVID-19 ရောဂါ  စစ်ဆေးရေးစင်တာ၊ ပဲခူးမြို့ GTI ကျောင်း၌ ဖွင့်လှစ်မည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးစင်တာ၊ ပဲခူးတက္ကသိုလ်ဆေးရုံ၌ ဖွင့်လှစ်ထားသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးစင်တာနှင့် ပဲခူးမြို့၊ အသောကဘုန်းတော်ကြီးကျောင်းရှိ Facility Quarantine စင်တာ များသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်‌ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ CCTVနှင့် အခြား လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ အင်းတကော်မြို့အဝင် ဝင်းဘော်ဒတ် COVID-19 ရောဂါ စစ်ဆေးရေးဂိတ် အသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ(၉) ရက်နေ့ နံနက်ပိုင်းမှစ၍ COVID-19 Mobile Swab Van ဖြင့် COVID-19 ရောဂါ စတင်စစ်ဆေး ဆောင်ရွက်လျက်ပေးရှိပြီး၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များသို့လည်း အောက်စီဂျင်အိုး အလုံးရေ(၅၀၀)လုံးအား ဖြန့်ဖြူးပေးနိုင်ခဲ့ကာ၊ ပဲခူးမြို့၌ Oxygen Plant တည်ဆောက်ရန်အတွက် လိုအပ်သောစက်ပစ္စည်းများမှာယူထားရှိပြီးဖြစ်ခြင်း၊ မြို့နယ်ဆေးရုံများ အားလုံးတွင်လည်း Oxygen Plant တပ်ဆင်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်၍ မကြာမီ ဆေးရုံများ၌ လိုအပ်လျက်ရှိသော Oxygen များ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်တော့မည်ကြောင်း သတင်းရရှိသည်။