Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေး

သာယာဝတီ ဒီဇင်ဘာ ၁၇
=================

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၁၇) ရက်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ သာယာဝတီခရိုင်အတွင်း ဒေသဝမ်းစာဖူလုံပိုလျှံနိုင်ရေး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်နိုင်ရေးအတွက် လမ်း၊တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျန်းမာရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့ စိုက်ပျိုး‌ရေးသိပ္ပံကျောင်းသို့သွားရောက်၍ ကျောင်းပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုအခြေအနေအားကြည့်ရှုရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များနှင့် ခေတ်မီမွေးမြူရေးလုပ်ငန်းများကိုလ ည်း‌ေလ့လာနိုင်‌ရေးအတွက်စီစဉ်ပေးခဲ့ပြီး ကျောင်းသား/သူများအား စာသင်နှစ်အလိုက် သင်ကြားပြသမည့်စာအုပ်များကိုကြည့်ရှု့လေ့လာခြင်းနှင့် မြေအသုံးချရေးဓာတ်ခွဲခန်း တွင် မြေဆီလွှာဓာတ်ခွဲခြင်းများ လုပ်ဆောင်နေမှုအား ကြည့်ရှုခဲ့ကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာအနီး ကွင်းအမှတ်(၉၃၂) တောင်သူဒေါ်သန်းသန်းဝင်း၏ ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးမည့် လယ်မြေ(၁၀)ဧကပေါ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ခေတ်မှီလယ်ယာသုံးစက်များဖြင့် မျိုးစေ့ချခြင်း၊ စုပေါင်းနွေစပါးထွန်ယက်စိုက်ပျိုးခြင်းကို ကြည့်ရှု့ကာ တစ်နှစ်သုံးသီးစားစိုက်ပျိုးနိုင်ရေးနှင့် ပိုက်ဆံလျှော၊ သစ်စိမ်းသဘာဝမြေသြဇာပိုမိုပြုလုပ်သုံးစွဲနိုင်‌ရေးနှင့် အထွက်နှုန်းကောင်း‌သော စပါးမျိုးကောင်းမျိုးသန့်များဖြင့် စံပြလယ်မြေစိုက်ပျိုးနည်းစနစ်များအား တောင်သူများသိရှိအောင် အသိပညာပေးခြင်းများ ပြုလုပ်ပေးရန်၊ ကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးရန်တို့အား လမ်းညွှန်မှာကြားခဲ့ပြီး ရွှေဝါမြိုင်စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးဘမ်းများပြုလုပ်နေမှု၊ ပျိုးဘမ်းများပျိုးထောင်ထားရှိမှုတို့အားကြည့်ပြီး တစ်ဧကလျှင် နွေစပါးတင်း(၁၀၀) အထက်ထွက်ရှိရန် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးမည့် တောင်သူ(၇)ဦး၏ ဧက(၅၀)အတွက် ဓာတ်မြေဩဇာအိပ်(၁၅၀)အား တောင်သူများထံထောက်ပံ့ပေးခဲ့သည်။
ယင်းနောက် မိုးညိုမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှဆောက်လုပ်နေသည့် မိုးညိုမြို့နယ် အိုးဘိုကျွန်းအုပ်စု အိုးဘိုကျေးရွာနှင့် ပတ်တော်ကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာဆက်သွယ်သည့် (၂၈၀ပေ×၂၀ပေ) ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတားတည်ဆောက်နေမှုအားကြည့်ရှု့ခဲ့သည်။ ၎င်းတံတားပြီးစီးပါက ကျေးရွာပေါင်း(၄၆)ရွာမှလယ်ယာထွက်ကုန်ပစ္စည်းများ အလွာ်တကူသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်း – မိုးညို – နတ်တလင်းလမ်း အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်နေမှုတို့အား ကြည့်ရှု့ကာ သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး နတ္တလင်းမြို့နယ် တာပွန်မြို့ငွေပြည်တောင်ရာဇမုနိစေတီတော်မြတ်ကြီးအား ဖူးမြှော်ကန်တော့ပြီး ဂေါပကအဖွဲ့ထံသို့ စေတီတော်ပရဝဏ်အတွင်းဆောက်လုပ်နေသည့် သိမ်တော်ကြီးအတွက် အလှူငွေကျပ်(၁၀)သိန်းအားပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ် တာပွန်မြို့တိုက်နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု့ပြီး ဆေးရုံအတွက်လိုအပ်သည့်နေရာတွင်အသုံးပြုနိုင်‌
ရေး ငွေကျပ်(၁၀)သိန်းကို ဆေးရုံအုပ်ကြီးထံထောက်ပံ့ပေးအပ်ခဲ့ပြီး‌နောက် နတ်တလင်း – တာပွန်ကားလမ်း(၁၈) ပေအကျယ် ကတ္တရာခင်းရန် ဆောင်ရွက်နေမှုအား ကြည့်ရှု့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားကာ နတ်တလင်မြို့နယ်ပြည်သူဆေးရုံသစ်ဆောက်လုပ်မည့်မြေနေရာအား သွားရောက်ကြည့်ရှု့ပြီး လိုအပ်သည်များမှာကြားကာ ရွှေလင်းသုခအခမဲ့ဆေးခန်းအတွက် အလှူငွေကျပ်(၅)သိန်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့သို့‌
ရောက်ရှိပြီး ခေတ္တရာညဈေးအား ကိုဗစ်-၁၉သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။