Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့၊ ကျုံးကူးတံတားဖွင့်ပွဲနှင့် သနပ်ပင်မြို့တွင်းတံတား ပန္နက်တော်တင် တွင်းတော်ဝန် မင်္ဂလာအခမ်းအနားသို့တက်ရောက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့၊ ကျုံးကူးတံတားဖွင့်ပွဲနှင့် သနပ်ပင်မြို့တွင်းတံတား ပန္နက်တော်တင် တွင်းတော်ဝန် မင်္ဂလာအခမ်းအနားသို့တက်ရောက်

ပဲခူး ဇန်နဝါရီ ၆

===============

             ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း-သမိန်ဗရမ်း-ဆံတော်တွင်းလမ်းပိုင်းမှ မဂ္ဂတစ်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းပေါ်ရှိ ကျုံးကူးတံတား ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၆) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

              ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုး‌ရွှေ၊ သယံဇာတ ရေးရာဝန်ကြီးဦးတင်သိန်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်နှင့် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က ကျုံးကူးတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

              ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက ကျုံးကူးတံတား ကဗ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကျုံးကူးတံတား ကဗ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျုံးကူးတံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

            အဆိုပါ ကျုံးကူးတံတားသည် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းမှ မဂ္ဂတစ်လမ်းနှင့် တိုက်ရိုက် ချိတ်ဆက်ထားသည့် အရှည်(၂၁၀)ပေ၊ ယာဉ်သွားလမ်းအကျယ်(၂၄)ပေ၊ လူသွားလမ်း အကျယ်တစ်ဖက် လျှင်(၃)ပေ(၆)လက်မရှိ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူကာ ပဲခူးကျုံးပေါ်တွင်တည်ဆောက်ထား သော ကျုံးကူးတံတားတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်(၁၇၇၆.၈၄၃)သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

             ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သနပ်ပင်မြို့၊ မြို့တွင်းတံတား ပန္နက်တော်တင်မည့်နေရာသို့ သွားရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် ပြည်ထောင်စုဒုတိယဝန်ကြီး ဦးဝင်းဖေတို့က အမှာစကား ပြောကြားခဲ့ကြသည်။

             ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က မင်္ဂလာအချိန်၌ ပန္နက်တော်များ ရိုက်သွင်းကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက Vibro Hammer ဖြင့် စက်ခလုပ်နှိပ်ကာ မင်္ဂလာပိုင်တိုင်အား ရိုက်သွင်းပေးခဲ့ကြောင်း သိရှိရသည်။

            အဆိုပါ သနပ်ပင်မြို့တွင်း တံတားသည် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ ကုန်စည် စီးဆင်းမှုအတွက် အဓိကအရေးပါကာ အရှည်(၂၄၀)ပေ၊ အကျယ်(၄၀)ပေရှိ စစ်တောင်းတူးမြောင်းအား ဖြတ်သန်းတည်ဆောက်မည့် သံကူကွန်ကရစ် တံတား(၁)စင်းဖြစ်ကာ စီမံကိန်းတန်ဖိုးငွေမှာ ကျပ်သန်း (၂၀၀၀)ဖြစ်ပြီး တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။