Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အခမ်းအနားများသို့တက်ရောက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အခမ်းအနားများသို့တက်ရောက်

ပဲခူး အောက်တိုဘာ ၁

=============

      ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များနှင့်အတူ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ တွင်ကျင်းပပြုလုပ်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြော ကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက်ထံမှ ပေးပို့သည့် (၅၈)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

         ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် ရဲသူရဘွဲ့တံဆိပ်ရရှိသူ (၂)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်နှင့် အမှတ်(၉၀၁)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ အမြှောက်စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မျိုးရွှေတို့မှ ရဲဗလဘွဲ့တံဆိပ်ရရှိသူ(၈)ဦးတို့အားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့် ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့ဖြန့်ဝေသည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် အခမ်းအနား ဂုဏ်ပြုဗွီဒီယိုမှတ်တမ်းအား ကြည့်ရှုကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ခန်းမအတွင်းပြသထားသော (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထိမ်းအမှတ် ပြခန်းများ၊ ပညာပေး ပြခန်းများအား လှည့်လည်ကြည့်ရှု ကြကြောင်းသိရသည်။

           ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့တက်ရောက်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားကာ အခမ်းအနားသို့တက်ရောက်လာသည့် ပဲခူးမြို့ပေါ်ရပ်ကွက်များနှင့် သပြေကုန်းဘိုးဘွား ရိပ်သာတို့မှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၈၀)ဦးအား ဂုဏ်ပြုလှူဒါန်းပစ္စည်းများ ပေးအပ်ပြီး ရှိခိုး ကန်တော့ခဲ့ကြသည်။