Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့် မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့် မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်

တောင်ငူ ဇူလိုင် ၁၇

===========================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူ ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး သည်။

        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ တပင်ရွှေထီးရပ်ကွက်ရှိ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေါ်အေးအေးဝင်း၏ အေဝမ်းမုန့်ဖတ်ခြောက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်နိုင်ရေး၊ ပို့ကုန်တိုးမြှင့်နိုင်ရေးနှင့် လျှပ်စစ်မီးအစားထိုးသုံးနိုင်ရေး Gasifier တပ်ဆင်အသုံးပြုရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ ဦးရဲလင်းထွန်း ၏ ကောင်ရေ(၈၀၀၀၀)ကျော်ရှိသည့် ရွှေဝါအအေးခန်း ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသတွင်းဥစားသုံးမှု ဖူလုံပိုလျှံနိုင်ရေး တိုးချဲ့ထုတ်လုပ်မွေးမြူရန်၊ တိရစ္ဆာန်အစာ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆောင်ရွက်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး ကြက်ခြံအတွင်း လှည့်လည်ရှုစစ်ဆေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၌ နိုင်ငံ့ စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တောင်သူဦးစိုးမြင့်နိုင်၏ အစေ့ချစနစ်ဖြင့် စိုက်ပျိုးထား သော မိုးစပါးစိုက်ခင်းများ သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာရောစပ်ကြဲပက်နေမှုနှင့် သမန်းနှိုးနေမှုတို့ အား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အလိုက် လွှမ်းခြုံနိုင်သည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး တိုးချဲ့ဆောင်ရွက်ရန်၊ မိုးရေချိန်နည်းပါးသည့် ဒေသများအတွက် ရေအနည်းလိုစပါးမျိုးများ ဖြန့်ဝေးပေးထား ရန်၊ (၃)နှစ် တစ်ကြိမ် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုး ရန်နှင့် သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ (၂)ရပ်ကွက်၊ ဦးရဲဝင်း၏ တန်(၁၀၀)ကျ ဆန်စက်တွင်း စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ထုတ်လုပ်ရေးစက် Gasifier ဖြင့် ဆန်ကြိတ်ခွဲနေ မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ငူမြို့၊ ကေတုမတီအနောက်ဘက် ကျုံးဘေး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အပန်းဖြေပန်းခြံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းကျုံးများ၊ မြို့ရိုးများ ရှေးမူမပျက် ပြန်လည်ဖော်ထုတ်ရန်၊ အများပြည်သူများ အေးချမ်းစွာလမ်းလျှောက်နိုင်ရေး လျှောက်လမ်းများစနစ်တကျဆောင်ရွက်ရန်၊ ပန်းအလှပင်များ သတ်မှတ် Landscaping Design အတိုင်း ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

             ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ အုပ်စု၌ တောင်သူဦးညွှန့်ဝေ၏ မိုးစပါးပျိုးထောင်ကောက်စိုက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ရေသွင်းရေထုတ် စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဇူလိုင်လကုန်အပြီး မိုးစပါးလျာထားချက် ပြည့်မီစွာစိုက်ပျိုး သွားရန်၊ ပျိုးထောင်စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန်၊ စိုက်ပျိုးရေအကျိုးရှိရှိသုံးစွဲနိုင်ရေး ချောင်းပိတ်/ မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် သဘာဝသစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် စိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အုတ်တွင်းမြို့၊ ကြက်သွန်ခင်း (၂)ရပ်ကွက်ရှိ MMKH ကုမ္ပဏီ ဦးသူလွင်ထွန်း၏ အာလူးကြော်မုန့် ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက် ကြည့်ရှုခဲ့ပြီး လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ရေး စျေးကွက်ရှာဖွေချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ဒေသထွက် ငါးများဖြင့် ငါးမုန့်များ လည်း တိုးချဲ့ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ပေးနိုင်ရေး နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူစိတ်ကြိုက် သွင်းအားစု နှင့် မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့များ စုဆောင်းထားရှိမှု၊ အဆင့်မြင့်ဆန်ကြိတ်ခွဲနေမှုနှင့် တန်(၃၀)ကျ စပါးအခြောက်ခံစက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။