Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အောက်စီဂျင်(၄၀)လီတာ အိုးများ ထပ်မံရောက်ရှိနေမှုအား သွားရောက်ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အောက်စီဂျင်(၄၀)လီတာ အိုးများ ထပ်မံရောက်ရှိနေမှုအား သွားရောက်ကြည့်ရှု

ပဲခူး ၈ ဩဂုတ်

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၈) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ ထပ်မံရောက်ရှိလာသည့် အောက်စီဂျင် (၄၀)လီတာအိုးများအား တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ မြို့နယ်များသို့ ဖြန့်ဝေပေး နိုင်ရေး သယ်ဆောင်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းသည် ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းမှ စတင်ဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အောက်စီဂျင်(၄၀) လီတာအိုးစုစုပေါင်း(၂၃၂၀)လုံး မှာယူထားရှိပြီး ဩဂုတ်လ (၈)ရက်နေ့အထိ အောက်စီဂျင်(၄၀)လီတာ (၁၃၇၀)လုံး ရောက်ရှိပြီးဖြစ်ရာ မြို့နယ်များသို့ အချိန်မီ ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၏ ဦးဆောင်လမ်းညွှန်မှု ဖြင့် Oxygen Plant စက်များ တပ်ဆင်ပေးလျက်ရှိရာ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်  Oxygen Plant စက်အသစ်(၁)လုံး တပ်ဆင်ပေးထားပြီးဖြစ်ကြောင်း၊ သာယာဝတီခရိုင်ဆေးရုံကြီးတွင်လည်း Oxygen Plant စက်အသစ်(၁)လုံး တပ်ဆင်လျက်ရှိပြီး ထပ်မံ၍ Oxygen Plant စက်အသစ်(၁၃)လုံးအား မှာယူထားပြီးဖြစ်ရာ ဩဂုတ်လကုန် အပြီးတပ်ဆင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မြို့နယ်ဆေးရုံများ၌ Oxygen Plant စက်အသစ်များ တပ်ဆင်ပြီးပါက အလွယ်တကူနှင့် စနစ်တကျသုံးစွဲ နိုင်ရေး Oxygen Pipe Line များ ကြိုတင်တပ်ဆင်ပေးထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။