Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် ပေါက်ခေါင်း မြို့နယ်များရှိ စိုက်ပျိုးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက်ထောက်ပံ့ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် ပေါက်ခေါင်း မြို့နယ်များရှိ စိုက်ပျိုးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက်ထောက်ပံ့ကြည့်ရှုအားပေး

ပြည် စက်တင်ဘာ ၁

===================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၁)ရက်နေ့  နံနက်ပိုင်းက ပြည်မြို့နယ်နှင့် ပေါက်ခေါင်း မြို့နယ်များရှိ စိုက်ပျိုးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက်ထောက်ပံ့ ကြည့်ရှုအားပေးခဲ့သည်

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်အဖွဲ့သည် အမှတ်(၆)တပ်မတော်စစ်ဆေးရုံ(ကုတင်-၁၀၀)သို့ သွားရောက်ခဲ့ ပြီး Oxygen Concentrator (၁၂)လုံး၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ  FAVIPAC  ကုသဆေးနှင့် ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား စစ်ဆေးရုံ ဆရာဝန်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ပြည်ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားခဲ့ရသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် Volunteer များအတွက် တစ်ဦးလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် စုစုပေါင်း(၂၈)သိန်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့သွားခဲ့သည့် Volunteer(၂)ဦးအတွက် တစ်လျှင်ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း(၂၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ Flow Meter (၁၀၀)စုံနှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များအား ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ သရေခေတ္တရာမြို့ဟောင်းပြတိုက်သို့ ရောက်ရှိခဲ့ပြီး ကျောက်ဆစ်လက်ရာပြခန်း၊ အဆင်တန်ဆာနှင့် အသုံးအဆောင်များဆိုင်ရာပြခန်းနှင့် စာပေနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာပြခန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြခန်းအတွင်း လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဘောဘောကြီးစေတီသို့ သွားရောက်ဖူးမြော် ကန်တော့ခဲ့သည်။ ၎င်းနောက် ပြည်မြို့ ဂွေးပင်ကုန်းကျေးရွာအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တွင်းနက်စက်ရေတွင်း တည်ဆေက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုလာစနစ်ဖြင့် ရေတင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ကျေးရွာအဝင် ကျိုးကျနေသောသစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး တွက်ချက်တင်ပြရန် ပြောကြားခဲ့ပြီးနောက် ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ အနောက်ရပ်ကွက်ရှိ သဒ္ဓမ္မမဉ္ဇီ ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း Oxygen Plant တည်ဆောက်ရာတွင် လိုအပ်သော လျှပ်စစ်မီးလိုင်းဆွဲ ခြင်းအတွက် အလှူငွေနှင့် လှူဖွယ်ခြင်းတို့အား ကျောင်းထိုင်ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာရှိ ကြံသီးနှံအထွက်တိုး နည်းပညာစံပြကွက်အား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံကြံစိုက်တောင်သူများ အတွက် သဘာဝမြေသြဇာ(၅၀)အိတ်နှင့် သစ်ဆွေးမြေသြဇာ (၅)အိတ်တို့အား အခမဲ့ထောက်ပံ့ပေးအပ် ခဲ့ပြီးနောက် အင်ငါးခွ သကြားစက်ရုံသို့ သွားရောက်ခဲ့ရာ စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူး ဦးကျော်စိုးဝင်း က စက်ရုံဆိုင်ရာ အချက်အလက်များအား  Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် Mask(၃၅၀၀)ခု၊ Hand Gel (၁)ဖာနှင့် သီးခြားထောက်ပံ့ငွေကျပ်(၅)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ခေါင်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံစားခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များအတွက် တစ်ဦးလျှင်ငွေကျပ် (၁)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၃)သိန်း၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များ၊ ကိုဗစ်-ရောဂါ ကာကွယ်ရေး အသိပညာပေး တံဆိပ်ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီများအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် တောင်းနဝင်းတမံစီမံကိန်း ရှင်းလင်းဆောင်သို့သွား ရောက်ခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦးမှ တောင်နဝင်းတမံဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တမံကြံ့ခိုင်မှုရှိစေရေးနှင့် နွေစပါးရေပေးဝေနိုင်ရေး ရေကြိုစုဆောင်းထားခြင်း များ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး တောင်နဝင်းတမံအား သွားရောက်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်းတလည်မြို့နယ်ရှိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝက်ထီးကန်ပတ်လမ်း (၈)မိုင် (၄)ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးပုခုံးသားများအား စနစ်တကျ ခိုင်မာစေရေး ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ၎င်းနောက် ချည်မျှင်ရှည်ဝါ စိုက်ပျိုးထားပြီးစီးမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ဝါစိုက်တောင်သူများ သဘာဝမြေသြဇာ(၅၀)အိတ်နှင့် ကိုဗစ်-ရောဂါ ကာကွယ်ရေး အသိပညာပေး တံဆိပ်ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီများအား ထောက်ပံ့ပေးအပ်ခဲ့ကာ ဆည်ရေရရှိစေရေး ရေပေးမြောင်းများ ပြန်လည်ပြုပြင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်မြို့၊ ရွှေပြည်မြေ မြေပဲမျိုးစေ့ထုတ်(၂၀၀)ဧက စိုက်ခင်းနှင့် မြေပဲအခြောက်ခံစက်အား လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ရေပေးဝေရေးလုပ်ငန်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များ တိုးချဲ့ရေပေးဝေနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ပြီးနောက် ပြည်မြို့ ကမ်းနားလမ်း(ညဈေးတန်း) ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကာ ကမ်းနားလမ်းပန်းခြံအား အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့ မင်းကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ္မအလှူငွေကျပ်(၅)သိန်းနှင့် လှူဖွယ် ပစ္စည်များအား ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သတင်းရရှိ သည်။