Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၃

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁) ကျင်းပပြု လုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လည်ပတ် ဆောင်ရွက်နေသည့် အခြေအနေများ၊ ပဲခူးစက်မှုဇုန်နယ်မြေအတွင်းရှိ ကိုရီးယားနိုင်ငံ အခြေစိုက် Panko Bago Co., Ltd ၏ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးချဲ့ခြင်း၊ စက်ရုံမြေနေရာတိုးချဲ့ခြင်းနှင့် စက်ရုံတည်ဆောက်ရေး ကာလ တိုးမြှင့်ဆောင်ရွက်ခွင့်ဆိုင်ရာ ကိစ္စရပ်များအား အမှုတွဲဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များမှ တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆုံးဖြတ်ဆောင်ရွက် ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း  သဘာဝဂေဟ စနစ်ကို မထိခိုက်စေဘဲ လုပ်သားဦးရေများများ အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်သည့် အထည်ချုပ် လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထုတ်လုပ် သည့်စက်ရုံများနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရရှိသည့် ဆိုလာပြားနှင့်ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများအား စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး စက်မှုဇုန်နှင့် စက်မှုနယ်မြေများအတွင်း စက်မှုလုပ်ငန်း ဆောင်ရွက်မည့် အဆောက်အဦမှအပ အခြားမည့်သည့်အဆောက်အဦမှ ကျူးကျော်ဆောက်လုပ်မှု မရှိစေရေး  ကြီးကြပ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၃၆)ခု၊ ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန် ဒေါ်လာ (၂.၂)ဘီလီယံ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၄၉)ခု၊ ရင်းနှီးမြှုပ်နှံမှုပေါင်း ကျပ်(၉၇၆)ဘီလီယံ ရှိပြီး ဒေသခံပြည်သူ(၄)သောင်းကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားလျက်ရှိ ကြောင်း သတင်းရရှိသည်။