Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ပဲခူး စက်တင်ဘာ ၅

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ စက်တင်ဘာလ(၅) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် Titans Thiha Group of Co., Ltd ၊ Mingalar Than Myaint Energy Co., Ltd နှင့် ဌေးနန္ဒာမြင့်ကင်ဆာဖောင်ဒေရှင်းတို့မှ  ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။

          ရှေးဦးစွာ Mingalar Than Myaint Energy Co., Ltd၏ မန်နေဂျာမှ ကျန်းမာရေးသုံး အထောက် အကူပြုပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် Oxygen Concentrator (၂)လုံးနှင့်ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။