ပဲခူး အောက်တိုဘာ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၃၁) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့် အခမ်း အနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းသား/သူများသည် နိုင်ငံတော် အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိသော နိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက်ဆောင်ရွက်လျက်ရှိတဲ့စီမံကိန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်သည့် ပညာရေးဘွဲ့(B.Ed) (၅)နှစ် သင်တန်းအမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်/စစ်ကိုင်း)စီမံကိန်းဝင် လူငယ်များဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် လူငယ် မောင်/မယ်များအား နိုင်ငံတော်မှ ကျောင်းအိပ်၊ ကျောင်းစားအဖြစ် ဘွဲ့ရပြီး အလုပ်အကိုင်ရသည်အထိ ထောက်ပံ့ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မောင်/မယ်တို့ အနေဖြင့်လည်း နိုင်ငံတော်က အလေးထား ဆောင်ရွက်ပေးသလို နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိထိန်းသိမ်းသွားရမှာဖြစ်သလို သင်တန်းအသီး သီးမှ ချမှတ်ထားသည့် ကျောင်းစည်းကမ်းများကို တိကျစွာလိုက်နာသွားကြရမှာဖြစ်ကြောင်း၊ အခြားသော တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသား/သူများကိုလည်း ညီအစ်ကို မောင်နှမလို သဘောထား ပြီး တစ်ယောက်၏ အခက်အခဲကို တစ်ယောက်က ကူညီဖြေရှင်းကာ ပြည်ထောင်စု စိတ်ဓါတ်ဖြင့် နေထိုင်သွားကြစေလိုကြောင်း၊ သင်တန်းများပြီးဆုံး၍ နိုင်ငံတော်ကခန့်အပ်မည့် နေရာဒေသအသီးသီးတွင် ကျရာတာဝန်များကို ဦးလည်မသုန် ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ကျေပွန်စွာ ပြန်လည်ပေးဆပ်နိုင်သည့် သားကောင်း/သမီးမွန်များဖြစ်အောင် နိုင်ငံတော်က အားထားရသူများဖြစ် အောင် ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများ ထောက်ပံ့ငွေကျပ်(၄၆)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)သို့ သင်တန်းသား/သူ(၁၀)ဦး၊ ဖွံ့ဖြိုးရေးတက္ကသိုလ်(ရန်ကုန်)သို့ သင်တန်းသား/သူ(၂)ဦး၊ ဒီဂရီ ကောလိပ်သို့ သင်တန်းသား/သူ(၂)ဦး၊ စုစုပေါင်း(၁၄)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။