တောင်ငူ ဒီဇင်ဘာ ၂၃
တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ (၁)လမ်း၌ ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်အရောင်းစင်တာ ဖွင့်လှစ်ပွဲအား ဒီဇင်ဘာလ(၂၃) ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် အရောင်းစင်တာအတွင်း ခင်းကျင်း ပြသထားသည့် စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများအား လှည့်လှည်ကြည့်ရှုခဲ့ကြသည်။ ပဲခူးတိုင်းဒေကြီး အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များအား တစ်နေရာတည်း တစ်စုတစ်စည်းတည်းဖြင့် မူရင်း စျေးအတိုင်းဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကာ ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အရောင်းစင်တာသို့ စျေးဝယ်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်း၊ စျေးကွက်ယှဉ်ပြိုင်ရှာဖွေခြင်း၊ အရည်အသွေး ပြည့်မီသော ထုတ်ပိုးမှုစနစ်များ ဖြစ်ပေါ်လာစေရေးနှင့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာစေရေး ရည်ရွယ်ချက်ဖြင့် တိုင်းဒေသကြီးဒေသထွက်ကုန်အရောင်စင်တာအား ပဲခူးမြို့တွင် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ကလည်းကောင်း ပြည်မြိုတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၁၉)ရက်နေ့ကလည်းကောင်း အသီးသီးဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခုအခါ တောင်ငူမြို့၌ တိုင်းဒေသကြီး ဒေသထွက်ကုန် အရောင်းစင်တာအား (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃)ရက်နေ့တွင် တတိယမြောက် ဆိုင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး စားဖိုဆောင်သုံးပစ္စည်း(၂၂)မျိုး၊ တိုင်းရင်းဆေးဝါး(၃၂)မျိုး၊ အဝတ်အထည်နှင့် လူသုံးကုန်(၁၃)မျိုးနှင့် စားသောက်ကုန်ပစ္စည်း(၁၈၉)မျိုး၊ စုစုပေါင်း(၂၅၆)မျိုး နေ့စဉ်ဖွင့်လှစ်ရောင်းချ ပေးသွားမှာဖြစ်ကြောင်း သတင်းရရှိသည်။