Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး ဇွန် ၃၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၃၀)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးအဆင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ကျောင်းတက်ရောက် မှုရာခိုင်နှုန်းနှင့် တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းများ နှစ်စဉ်တိုးတက်အောင် ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကလေးလူငယ် များအတွက် မြို့နယ်(၂၁)မြို့နယ်တွင် ကျောင်းပြင်ပပညာရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ထား ရှိပြီးဖြစ်၍ ကျောင်းတက်ရောက်နိုင်ရေး သက်ဆိုင်ရာမိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေး စည်းရုံး ဆောင်ရွက်သွားရမှဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ဆေးရုံ အခြေပြုကုသရေးလုပ်ငန်းများ အပြင် ကျေးလက်ဒေသများအထိ နည်လှည့်ကွင်းဆင်းဆေးကုသသည့် လုပ်ငန်းစဉ်များ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့တွင်း/မြို့ပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် အမှိုက်ကင်းစင် ရေးကို အလေးပေးဆောင်ရွက်ရန်နှင့် လူစည်ကားရာနေရာများနှင့် အဓိကလမ်းမကြီးတစ်လျှောက် အမှိုက်ပုံးများ အရောင်ခွဲခြား၍ စနစ်တကျ ချထားပေးသွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လမ်းညွှန်အမှတ်အသားများအား တစ်ပြေးညီဖြစ်စေရေးနှင့် လမ်းမကြီးများ၏ ဘေးဝဲယာတွင် သတ်မှတ် ပုံစံအတိုင်း လေကာပင်များ စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ မိုးရာသီဖြစ်၍ တာဘောင်များ၊ မြစ်/ချောင်း ကူးတံတားများ၏ ကြံ့ခိုင်မှုများစစ်ဆေးခြင်းကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်ဖြတ်သန်းမှုမရှိစေရေးနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် များ စီးနင်းမှုမရှိစေရေး အရေးယူ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ စီးပွားရေး ဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင် ရာကိစ္စရပ်များနှင့် ဥပဒေရေးရာကိစ္စရပ်များတို့၏ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်သွားရမည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍ လစဉ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဌာနတစ်ခုချင်းအလိုက် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။